9000.00 MMK
Author:
အီမီဆို
ID: #1322
Pages: 160
- စာသင်ခန်းတွေထဲမှာ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တဲ့ ဖြစ်ရပ်တချို့နဲ့ စာသင်ခန်းထဲက တရားခံ ... - မူရင်းစာအုပ်ဟာ ဂျပန် ၊ ပြင်သစ် ၊ ထိုင်ဝမ် အစရှိတဲ့ နိုင်ငံ ၅ နိုင်ငံရဲ့ ဘာသာစကားနဲ့ ပြန်ဆိုထားခံရသလို ကိုရီးယားမှာလည်း အုပ်ရေ သိန်းဂဏန်းကျော် ရောင်းချထားရတဲ့ စာအုပ်ဖြစ်ပါတယ် .. စာရေးသူဟာ ကိုရီးယားမှာ ဆယ်ကျော်သက်စာပေဆုအပြင် အခြားသော စာပေဆုတွေကိုလည်း ရရှိထားပါတယ်။ - ဒီစာအုပ်ရဲ့ အစမှာ ဘတ်ဆောအွန်းလို့ ခေါ်တဲ့ ကျောင်းသူတယောက်ရဲ့ 6သဆုံးမှုကို မြင်တွေ့ရမှာပါ .. - သူမရဲ့ 6သဆုံးမှုမှာ အဓိကတရားခံ ဖြစ်နိုင်ခြေ ရှိတယ်လို့ အကုန်လုံးက ဝိုင်းဝန်းစွပ်စွဲတာကို ခံနေရတဲ့သူကတော့ ဘတ်ဆောအွန်းနဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျီဂျူယွန်း ပါ။ - ဒါပေမဲ့ ဇာတ်လမ်းက အဲ့လောက် မရိုးရှင်းနေပါဘူး။ - ဘာသာပြန်သူရဲ့ အမှာစာထဲကလို ဒီစာအုပ်ဖတ်နေရင်း "ဒီဝတ္ထုထဲမှာပါတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေနဲ့ ကိုယ်စီခံစားချက်တွေကို လိုက်လံခံစားရင်းနဲ့ ဘယ်သူက နစ်နာသူ ၊ ဘယ်သူက ကျူးလွန်သူဆိုတာကိုတောင် မေ့လျော့သွားပြီး ဆယ်ကျော်သက် တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အကြောင်းပြချက် ခံစားချက်တွေ ရှိနေပါလား " ဆိုတဲ့အချက်ကို သင်လည်း သိမြင်သွားပါလိမ့်မယ်။