9000.00 MMK
Author:
မင်းဗထူး
ID: #551
Pages: 171
"တိုးတက်ရန်နှင့် ပြောင်းလဲရန် အခြေအနေတို့ကို ကြုံတွေ့တိုင်း လူတို့သည် ငြီးငွေ့ဖွယ်ရာ လှည်းဘီးရာ အဟောင်းကြီးအတိုင်းသာ လိုက်ကြသည်မှာ ထုံးစံတစ်ခုလို ဖြစ်နေသည်။ ယင်းဓမ္မတာကို ဆန့်ကျင်ပြီး တိုးတက်ကြီးပွား အောင်မြင်ဖို့ မိမိကိုယ်ကို ပြောင်းလဲရန် လိုအပ်ပါသည်" "လူတော်တော်များများ သတိမထားမိသော အချက်တစ်ခုရှိသည်။ လောကတွင် အောင်မြင်သောလူတို့ နှင့် မအောင်မြင်သော လူတို့အကြား၌ တည်ရှိသည့် စွမ်းဆောင်ရည်ကွာခြားမှုသည် မည်မည်ရရ ဘာမျှ မရှိဆိုသော အချက်ဖြစ်သည်။ သူတို့တွင်ရှိနေသော အလားအလာများအတိုင်း ရောက်ရှိအောင်သွားလိုသော ဆန္ဒရှိခြင်း၊ မရှိခြင်း ဆိုသည့် အချက်သာ ခြားနားပါသည်" - ပြောင်းလဲတိုးတက်လိုသူတွေ၊ အောင်မြင်ချင်တဲ့ဆန္ဒ ရှိသူတွေအတွက် များစွာအထောက်အကူပေးမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။