Cart

ဇာတိ၊ ပဝတ္တိနှင့် စာသင်ဆောင်မှန်တံခါးကို လာရိုက်သော မုန်တိုင်း (၁၉၅၂ - ၁၉၇၆)

18000.00 MMK

Author: ကျော်ဝင်း
ID: #1004 Pages: 512

- ကျွန်တော်၏ ယခုစာစု “ဇာတိ၊ ပဝတ္တိနှင့် စာသင်ဆောင်မှန်တံခါးကို လာရိုက်သော မုန်တိုင်း” ကို ရေးဖြစ်သည်မှာ စာအုပ်နှစ်အုပ်ကြောင့်ဟု ဆိုနိုင်လိမ့် မည်ထင်ပါသည်။ "ဒဂုန်တာရာ၏ ဒဂုန်တာရာ" နှင့် ရုရှားစာရေး ဆရာကြီး အီလျာအာရင်ဘတ်၏ “လူများ၊ သက္ကရာဇ်များ၊ ဘဝ” တို့ ဖြစ်ပါသည်။ "ဒဂုန်တာရာ" ကို ဆယ်တန်းမအောင်ခင်က ဖတ်ဖူးပြီး "လူများ၊ သက္ကရာဇ်များ၊ ဘဝ" ကိုမူ တက္ကသိုလ်ရောက်တော့မှ ဖတ်ဖူးခြင်းဖြစ်သည်။ - ကျွန်တော်၏ ယခုဆောင်းပါးရှည်ကြီးမှာ ကျွန်တော်မွေးဖွားသည့် နှစ် ၁၉၅၂ မှ တက္ကသိုလ်ကျောင်းသားဘဝ၏ နောက်ဆုံးလှုပ်ရှားမှု ၁၉၇၆ ထိ ကာလအ ပိုင်းအခြားကို တို့ထိထားခြင်းဖြစ်ပါသည်။ ကျွန်တော်ငယ်စဉ် မှ ဆယ်တန်းအောင်သည်အထိမှာ ကျွန်တော်၏ဝတ္ထု ‘ပျောက်ဆုံးမျိုးဆက်' တွင် မပါခဲ့ပါ။ တက္ကသိုလ်ရောက်ပြီးနောက်ပိုင်း ထိတွေ့ ရသော လူတွေ အရေးအခင်းတွေကမူ ပျောက်ဆုံးမျိုးဆက် နှင့် အတော်လေးတူနိုင်ပါသည်။ ‘သမိုင်းသဘော ဖြစ်နေ၍ အထူးအထွေ မပြင်ဆင်ဘဲ ဒီအတိုင်းထားလိုက် ပါသည်။ သို့တစေ ထပ်တူတော့မကျပါ။ “ပျောက်ဆုံးမျိုးဆက်မှာ ဖြစ်ရပ်ကို အခြေခံသော ဝတ္ထုဖြစ်၍ ယခုစာစုကမူ လူတစ်ဦးချင်းစီ၏ ဘဝကို အခြေခံထားခြင်းဖြစ်ပါသည်။ သို့တိုင် ယခုအပိုင်းမှာ ကျောင်းသားဘဝဖြစ် နေ၍ အပြောင်းအလဲတွေ ဟုတ်ဟုတ်ငြားငြား မတွေ့ရသေးသော “အရိုင်းထည်မျှသာ ဖြစ်သည်။ သို့နှင့်တိုင် အစအနအချို့ကိုမူ တွေ့သလောက် တွေ့ နေရချေပြီ။ (စာရေးသူ၏အမှာမှ - )

အဆင့်နှင့်မှတ်ချက်များ

User reviews