9000.00 MMK
Author:
မြင့်မြင့်ခင် (Golden Ideas)
ID: #1006
Pages: 153
အကောင်းမြင်စိတ်ဆိုတာ အပြုသဘောစိတ် ဖြစ်ပါတယ်။ အပြုသဘောစိတ်က ကောင်းတဲ့စိတ်ထားကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အကောင်းမြင်တယ်ဆိုတာတစ်ဖက်လူရဲ့အမှားတွေကို လျစ်လျူရှုခိုင်းတာ မဟုတ်ပါဘူး။ အပြုသဘောမြင်ကြည့်ပေးတာပါ။ တစ်ဖက်လူအပေါ် နားလည်ပေးတာပါ။ - သင့်မှာ အကောင်းမြင်စိတ်မရှိရင် သင့်ဘဝမှာ ဘာပဲလုပ်လုပ် အဆင်ပြေမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အကောင်းမြင်စိတ်ထားပါ။ အကောင်းမြင်စိတ်ကြောင့်အခက်အခဲနဲ့တွေ့လာ ရင်လည်း သင် အလွယ်တကူစိတ်ဓာတ်မကျဘဲ နေနိုင်မှာဖြစ်ပါတယ်။ သင်ကအကောင်းမြင်စိတ်ရှိမှ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာမှာဖြစ်ပါတယ်။ - သင့်မှာအဆိုးမြင်စိတ်ရှိရင် အရာရာကို သင်ဘာပဲလုပ်လုပ် အဆိုးပဲမြင်နေမှာပါ။ အဆိုးမြင်စိတ်က အဖျက်စိတ်ပါ။ ဥပမာ - သင့်ဘဝမှာ သင်လိုချင်တာရဖို့ ပန်းတိုင်တစ်ခုချမှတ်တယ်ဆိုပါစို့။ အဆိုးမြင်စိတ်ကြောင့် ငါ ဒါကိုရအောင်မလုပ်နိုင်ပါဘူး၊ ငါ့မှာအချိန်မရှိဘူး၊ ငွေမရှိဘူး စသဖြင့် အဆိုးမြင်စိတ်ကြောင့် အရှုံးပေးချင်လာပါလိမ့်မယ်။ သင့်မှာသာ အကောင်းမြင်စိတ်ရှိရင် ဘယ်လိုအခက်အခဲအတားအဆီးမဆိုကျော်လွှားနိုင်ပါလိမ့်မယ်။ - စိတ်ထားတတ်ဖို့၊ စိတ်ပြောင်းလဲဖို့၊ အကျင့်ဆိုးပြုပြင်နည်းနှင့် အကျင့်ကောင်းတည်ဆောက်နည်း ဆိုပြီး အပိုင်းသုံးပိုင်း ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်တည်ဆောက်နိုင်ဖို့နဲ့ ငြိမ်းချမ်းတဲ့ဘ၀နေနည်းအတွက် အထောက်အကူပြုမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။