3500.00 MMK
Author:
နတ်မောက်အနီချို
ID: #1008
Pages: 100
"ဂျိုစီသည် မိဘမဲ့ မိန်းကလေးငယ် နှစ်ဆယ်ထဲမှ အငယ်ဆုံးလေးဖြစ်သည်။ ပဲရစ်မြို့အနီးရှိ ရွာကလေး၌ နေထိုင်ကြ၏။ မိဘမဲ့ကလေးများဖြစ်သော်လည်း ဤမိန်းကလေးတစ်စုကား ပျော်ပျော်ပင်။ မိဘမဲ့မိန်းကလေးဂေဟာကို အုပ်ချုပ်သော မဒမ်ဖလက်တော့နှင့် သူတို့ကို ပြုစုစောင့်ရှောက်သည့် ဂျိနဲဗိယက်ပါ သဘောကောင်းကြသည်။ မဒမ်က ကြေညာလေ့ရှိသည်။ “ဂေဟာက ကလေးတွေအားလုံးထဲမှာ ဘရစ်ဂျစ်က ရွှင်ရွှင်ပျပျ အရှိဆုံး၊ အဲ - ဂျိုစီကတော့ ခေါင်းအမာဆုံးပဲ” ဂျိနဲဗိယက်ဖ်သည် အငယ်ဆုံး ဂျိုစီကို အချစ်ဆုံးဖြစ်လေရာ “ဂျိုစီ ခေါင်းမာတာက တစ်နေ့နေ့တော့ သူ့ကို အကျိုးပေးကောင်းပါရဲ့” ဟု မျှော်လင့်ရှာသည်" - ချစ်ခြင်းမေတ္တာတရားကို ပုံဖော်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး၊ ရွာကလေးတစ်ရွာရှိ မိဘမဲ့မိန်းကလေးဂေဟာကို စွန့်ပစ်ယောက်ျားလေးတစ်ဦး ရောက်ရှိလာပုံနဲ့ အစပြုဖွဲ့တည်ထားတာကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။