8000.00 MMK
Author:
ကျော်ဇံလှ
ID: #1019
Pages: 126
"အနုပညာတစ်ရပ်၏ဖန်တီးမှုသည် စိတ်ပေါ် မူတည်၏။ စိတ်၏ခံစားချက်၊ စိတ်၏ပျံ့လွင့်မှု၊ စိတ်၏စေတနာ၊ တပ်မက်မှုတို့သည် အနုပညာတစ်ရပ် ဖြစ်လာခြင်း၏ အကြောင်းတရားဖြစ်သည်။ ပန်းချီသည် အမြင်ကိစ္စ၊ ကြည့်တတ်မှလည်း မြင်၏။ သို့သော် လူတိုင်း မကြည့်တတ်" - "လောက၌ အနုပညာကို မနှစ်သက်သူများ ရှိ၏။ အနုပညာကို တန်ဖိုးမထားတတ်သူများသည် စိတ်ကြမ်းတမ်း ခက်ထန်တတ်သည့်အတွက် အလွန်ပင် စိတ်မကောင်းစရာဖြစ်၏။ အနုပညာသည် လူကို နူးညံ့စေ၏။ ပြေပြစ်စေ၏။ စိတ်ချမ်းသာစေ၏" - ခေတ်သစ်ပန်းချီနဲ့ ခေတ်သစ်ပန်းချီဆရာ ဦးခင်မောင်ရင်ရဲ့အနုပညာလက်ရာတွေ၊ အနုပညာအတွေးအမြင်တွေ၊ ပန်းချီဆရာရဲ့ဘဝနဲ့ ခေတ်သစ်မြန်မာ့ပန်းချီဆရာတစ်ယောက် ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေကို လေ့လာသုံးသပ်တင်ပြထားတဲ့ စာတမ်းဖြစ်ပါတယ်။ - ဦးခင်မောင်ရင်ရေးဆွဲခဲ့တဲ့ ပန်းချီလက်ရာများစွာကိုလည်း ရောင်စုံပုံနှိပ်ထည့်သွင်းထားပါတယ်။