Cart

ဆယ်မိနစ် သုံးဆယ့်ရှစ် စက္ကန့်

14000.00 MMK

Author: လူငြိမ်း
ID: #1043 Pages: 432

တူရကီစာရေးဆရာမ Elif Shafak ရဲ့10 Minutes and 38 Seconds in This Strange World ကို မြန်မာပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ - ငယ်စဉ်ဘဝမှာ ချစ်ခြင်းမေတ္တာကို မခံစားခဲ့ရလောက်အောင် ကံမကောင်းခဲ့ရင်တောင် ကြီးပြင်းလာချိန်မှာ မိတ်ဆွေတွေကနေတစ်ဆင့် ရရှိနိုင်ပုံကို ဒီစာအုပ်မှာ ထည့်သွင်းရေးဖွဲ့ထားပါတယ်။ - မိဘတွေပေးထားတဲ့ နာမည်မဟုတ်တော့တဲ့၊ တက်ခီလာလေလာလို့ အမည်ရတဲ့ ပြည့်တန်ဆာတစ်ယောက်ကို ဇာတ်ကောင်တည်ထားခဲ့ပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ပြည့်နှက်​နေတဲ့ အစ္စတန်ဘူလ်မြို့ကြီးရဲ့ အမှောင်ခြမ်းဘက်တွေဆီ မီးမောင်းထိုးပြထားပါတယ်။ - ပဋိပက္ခတွေ၊ ကွဲပြားလှတဲ့ ယဉ်ကျေးမှုတွေ တင်းကျမ်းပြည့်နေတဲ့ တူရကီနဲ့ အစ္စတန်ဘူလ်မြို့ကြီးတို့ကို အခြေခံပြီး နေရာအနှံ့က တိုးတိုက်မိနေတဲ့ ယဉ်ကျေးမှုတွေအတွက် အဖြေကို ရှာဖွေချင်သူ Elif Shafak ရဲ့လက်ရာကို ခံစားကြည့်​စေချင်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews