23000.00 MMK
Author:
မင်းသန်းထွဋ်
ID: #1050
Pages: 182
- Brand တစ်ခုမတည်ဆောက်နိုင်ရင် ရေရှည်ရပ်တည်ဖို့မလွယ်ဘူး။ အချိန်တိုင်း မုဆိုးက သားကောင်လိုက်ရသလို လိုက်နေရလိမ့်မယ်။ Branding လို့ပြောလိုက်ရင် ဈေးကြီးတဲ့ပစ္စည်း၊ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေဖြစ်လာအောင် လုပ်တာလို့ ထင်တတ်ကြတယ်။ အဲဒီလိုမဟုတ်ပါဘူး။ - တကယ်တော့ ဘရန်းဒင်းဆိုတာ ပစ်မှတ်ဈေးကွက်ထဲမှာ ကိုယ့်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ထားရှိကြတဲ့ ခံယူချက်၊ အမြင်ဟာ ကိုယ့်ရပ်တည်ချက်အတိုင်းဖြစ်လာနေဖို့ကြိုးစားရတာဖြစ်ပါတယ်။ - ဒါကြောင့် Brand Management ဆိုတာ ကိုယ့်အမှတ်တံဆိပ်ပေါ်မှာ မြင်နေတဲ့ ထင်မြင်ယူဆချက်တွေကို စီမံခန့်ခွဲရတာမျိုးဖြစ်ပါတယ်။ “ဘရန်းဒင်းဟာ ဒဿနသဘောတရားပိုဆန်ပါတယ်”။ - “ဘရန်းဒင်း” ကအရေးကြီးတယ်။ ဘရန်းတစ်ခု တည်ဆောက်ရမယ်။ ဒါဆို ဘယ်ကစရမလဲ။ Branding Secrets (ဘရန်းဒင်း လျှို့ဝှက်ချက်) စာအုပ်က လုပ်ငန်းရှင်တွေ၊ Marketing & Brand Professionals တွေ၊ Marketing Consultants တွေ၊ Personal Brand တစ်ခုတည်ဆောက်ချင်သူတွေ အပြင်ဘရန်ဒင်းအကြောင်းကို စိတ်ဝင်စားတဲ့လူတွေအတွက် သင့်တော်ပါတယ်။ - Branding Secrets (ဘရန်းဒင်း လျှို့ဝှက်ချက်) စာအုပ်မှာ ဘရန်းဒင်းပေါ်မှာ မှားနေတဲ့အမြင်တွေ၊ ဘရန်းတစ်ခု တည်ဆောက်ဖို့အတွက်လိုအပ်တဲ့ အစိတ်အပိုင်းတွေ၊ ဘရန်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် လုပ်ရမယ့်အဆင့်တွေကို အသေးစိတ် ရေးသားဖော်ပြပေးထားပါတယ်။