Cart

လူတိုင်းရဲ့အာရုံမှာ ကိုယ်ပဲ ရှိနေပါစေ

5000.00 MMK

Author: မျိုးကျော်ဦး (ချယ်ရီစံ)
ID: #1067 Pages: 111

- လူတွေရဲ့စိတ်ဝင်စားမှုကို ခံယူ၊ ရယူချင်တယ်ဆိုရင် အရာရာမှာ ပုံသေတွက်ထားလို့ မရဘူးဆိုတာကို သိထားသင့်ပါတယ်။ အဲဒီလိုမသိထားဘဲ ခပ်လွယ်လွယ်တွက်ဆထားမိရင် ကိုယ့်အနေနဲ့ နောက်ကျကျန်ခဲ့ဖို့ ရာခိုင်နှုန်းများသွားပါလိမ့်တယ်။ - ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ထက်တစ်ခုခုသာနေတဲ့ပြိုင်ဘက်ဆိုတာ သေချာပေါက်ရှိနေတတ်ပါတယ်။ အဲဒီအချက်ကို လူအများစုက ထည့်မစဥ်းစားမိတတ်ကြပါဘူး။ ပြိုင်ဘက်ကို ဘယ်တော့မှအထင်မသေးမိဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းသတိပေးနေပါ။ ပြိုင်ဘက်ကလည်း ကိုယ့်လိုပဲ အမြဲစဥ်းစားတွေးခေါ်နေမယ်ဆိုတာကိုပါ သိထားရပါလိမ့်မယ်။ - ဒီခေတ်ထဲမှာ သိုသိုသိပ်သိပ်နေထိုင်ခြင်းကလည်း ပြိုင်ဘက်တွေအနေနဲ့ကိုယ့်ရဲ့ ဟာကွက်၊ ပျော့ကွက်တွေကိုအလွယ်တကူ မသိရှိနိုင်တဲ့အချက်တစ်ခု ဖြစ်သွားတတ်ပါတယ်။ - လူတွေရဲ့အာရုံမှာ ကိုယ်မှကိုယ်ဖြစ်နေဖို့ဆိုရင် အများစုလုပ်နေတဲ့ပုံစံတွေနောက် မလိုက်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်တတ်ဖို့ကိုလည်း ကြိုးစားသင့်ပါတယ်။ ဒါဆို အတိုင်းအတာတစ်ခုအထိတစ်ပါးသူတွေရဲ့အာရုံမှာ ကိုယ်ပဲ ရှိနေလိမ့်မယ်ဆိုတာ မလွဲဧကန်ပါပဲ။

အဆင့်နှင့်မှတ်ချက်များ

User reviews