16500.00 MMK
Author:
တီချယ်ဝိုင်
ID: #1069
Pages: 144
- လူအများနဲ့ ပြောဆိုဆက်ဆံတဲ့အခါ Communication Skill က အင်မတန်အရေးကြီးပါတယ်။ Communication Skill က နယ်ပယ်အသီးသီးမှာ အရေးပါပါတယ်။ ပြောဆိုဆက်ဆံမှုညံ့လို့ ဆုံးရှုံးသွားတာတွေ၊ ရှေ့ခရီးလမ်းအတွက် နှောင့်နှေးသွားတာတွေ၊ လူမှုဝန်းကျင်မှာ ဘေးထွက်ရပ်နေရတာတွေ အစရှိတဲ့ ဖြစ်ရပ်တွေက ဒုနဲ့ဒေးပါပဲ။ - ဒီစာအုပ်က ကိုယ့်ရဲ့ပြောစကားကို တစ်ဖက်လူနားဝင်အောင် ဘယ်လိုလုပ်ဆောင်မလဲ၊ ဘယ်လိုလေသံ ဘယ်လို လေယူလေသိမ်းနဲ့ ပြောဆိုမလဲ၊ စကားနဲ့တင်မဟုတ်ဘဲ အမူအရာကိုကြည့်ပြီး အဓိပ္ပာယ်ကို ဘယ်လိုအကဲခတ်မလဲ၊ ပြောဆိုဆက်ဆံရေးနဲ့ ပက်သက်ပြီး ဆောင်သင့်ရှောင်သင့်တာတွေက ဘာတွေလဲ အစရှိတဲ့ အချက်အလက်တွေကို နည်းနာယူ ဖတ်ရှုရပါမယ်။ - တစ်နည်းဆိုရရင် ဒီစာအုပ်က လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုမို လူရာဝင်လာစေဖို့၊ အပေါင်းအသင်း ပိုဝင်ဆံ့လာဖို့၊ လုပ်ငန်းဆောင်တာတွေ အဆင်ပြေတိုးတက်ပြီး အောင်မြင်လာစေဖို့ စသဖြင့် ကူညီလမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။