Cart

လျှပ်တစ်ပြက်ဝတ္ထု ၁၀၀

8000.00 MMK

Author: ဂျိုဇော်
ID: #1074 Pages: 175

- တိုတိုကျစ်ကျစ်ရေးဖွဲ့ထားတဲ့၊ စာဖတ်ချိန် မိနစ်အနည်းငယ် (ဥပမာ - ကြာချိန် နှစ်မိနစ်၊ သုံးမိနစ်ဝန်းကျင်) သာ အချိန်ပေးရတဲ့ ဝတ္ထုတိုလေးတွေကို Microfiction လို့ ခေါ်ဝေါ်သတ်မှတ်ထားပါတယ်။ - "စာအရှည်ကြီးဆိုမဖတ်ချင်ဘူး၊ တရားဆိုလည်း တိုတိုဟောပါ ဆိုတဲ့ခေတ်ကြီးမှာ ဝတ္ထုလေးတွေက တိုတိုကျစ်ကျစ်လေးတွေ။ နေ့စဉ်ဘဝတွေထဲက အဖြစ်အပျက်လေးတွေ၊ အတွေးစလေးတွေကို လင်းခနဲ၊ လက်ခနဲ၊ ဖျတ်ခနဲ မီးမောင်းထိုးပြလိုက်တဲ့ လျှပ်တစ်ပြက်ဝတ္ထုတွေပါပဲ။ - နိုင်ငံတကာမှာတော့ Flash Fiction၊ microfiction လို့ခေါ်တဲ့ ဝတ္ထု အတိုအကျစ်လေးတွေကို ကျွန်တော်တို့ကတော့ "လျှပ်တစ်ပြက်ဝတ္ထု" လို့ကင်ပွန်းတပ်လိုက်ပါတယ်" လို့ ဆိုထားတဲ့ ဒီစာအုပ်က စာလုံးရေနည်းပါးပေမယ့် စာဖတ်သူကို တွေးစရာတွေကတစ်ဆင့် ရသခံစားမှုဆီ ခေါ်ဆောင်သွားပါလိမ့်မယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews