4500.00 MMK
Author:
TSUKIMI
ID: #1076
Pages: 80
- "ကျွန်တော်တို့တွေအားလုံးဆီမှာ ကြိုးစားချင်စိတ်ဆိုတဲ့ အခန်းလေးတွေ ကိုယ်စီရှိကြပါတယ်။ အစပိုင်းမှာဆိုရင် အားလုံးအတွက် အခန်းတံခါးလေးက ပိတ်နေတတ်ပြီး ဖွင့်ရလည်း ခက်ခဲပါတယ်။ - စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခုခု ဖြစ်ပေါ်တဲ့အခါမှာ သို့မဟုတ် ကျွန်တော်တို့ရဲ့ အတွေးတွေကို ကောင်းမွန်တဲ့ အကြောင်းအရာအသစ်လေးတစ်ခုခုနဲ့ ပေးထိတွေ့လိုက်တဲ့အခါမှာ ကြိုးစားချင်စိတ်တံခါးလေးက ပွင့်သွားတတ်တာ ဖြစ်တဲ့အတွက်ကြောင့် နေရာအသစ်တွေကို ခရီးသွားခြင်း၊ စာဖတ်ခြင်း စတာတွေကို လုပ်ဆောင်ဖို့ အတွေ့အကြုံရှိသူတွေက အများကြီး ညွှန်းဆိုတိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ - ဒီစာအုပ်လေးထဲမှာ ဆောင်းပါးအတိုလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရှုရမှာဖြစ်ပြီး အကြောင်းအရာတစ်ခု ဖတ်ပြီးသွားတိုင်း စာကျက်ချင်စိတ် ကြိုးစားချင်စိတ်ဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အမြဲအတူ ဆောင်ထားပြီး လိုအပ်တဲ့အချိန်တိုင်း ထုတ်သုံးလို့ရတဲ့ လျှို့ဝှက်လက်နက်လေး တစ်ခုအဖြစ် ဖန်တီးထားတာဖြစ်တဲ့အတွက်လည်း နှစ်ခြိုက်သဘောကျကြမှာပါ" လို့ ဆိုထားတဲ့ ဒီစာအုပ်လေးက ကျောင်းသူ ကျောင်းသားတွေ၊ သင်တန်းသူ သင်တန်းသားတွေအတွက် အသုံးဝင်မှာ သေချာပါတယ်။