7500.00 MMK
Author:
ရဲသျှမ်း
ID: #1078
Pages: 180
- ၂၀၂၃ ဇွန်လ ၂၁ ရက်နေ့မှာ အစ်ကို ဆုံးတဲ့ သတင်းကြားတော့ အလွန်ပဲ စိတ်ထိခိုက်ကြေကွဲရတယ်။ မနက်အစောကမှ ချာလီချက်ပလင်ရဲ့ ဟာသ ဗီဒီယို ဖိုင်လေး ပို့ထားပြီး နောက် ၄ နာရီလောက်မှာ အစ်ကို ငြိမ်းချမ်းရာခရီဆီ ထွက်ခွာသွားပြီဆိုတာ မယုံနိုင်ဖြစ်ရပြီး အစ်ကို့ဆီ ချက်ချင်း ရောက်သွားတယ်။ - မှန်အခေါင်းထဲမှာ အစ်ကိုကတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေပါပြီ။ ကျွန်တော်တို့၊ အစ်ကို့ကိုချစ်ကြတဲ့ စာပေအနုပညာ၊ အားကစား အဝန်းအဝိုင်းနဲ့ ကြမ်းတပြေးတည်း ၁၀ စုနှစ် တစ်စုနီးပါး အတူ နေခဲ့သူတွေကတော့ ကြေကွဲခြင်း၊ နှမြောတသခြင်းတွေ၊ အလွမ်းတွေနဲ့ ကျန်ရစ်ခဲ့ပါပြီ။ - ကျွန်တော် အစ်ကိုညီပုလေးကို လွမ်းဆွတ်ပြီး အစ်ကိုနဲ့ ဆုံစည်း၊ လျှောက်ခဲ့တဲ့လမ်းတွေဆီ စိတ်က စီးမျော သွားနေမိတယ်။ သည်အလွမ်းတွေကို ရက် ၄၀ တိတိ နေ့စဉ် ရေးခဲ့ပါတယ်။ ညီတစ်ယောက်က အစ်ကို တစ်ယောက်ကို လွမ်းဆွတ်ရင်းကနေ အစ်ကို့ စိတ်၊ အစ်ကို့ လုံ့လ၊ အစ်ကို့အနုပညာနဲ့ အစ်ကို လျှောက်ခဲ့၊ ဖောက်ခဲ့တဲ့ လမ်းကလေးတွေကိုလည်း မှုန်ရေးရေး ထည့်ရေးပါတယ်။ - အခုတော့ အစ်ကို ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ၂၀၂၄ ၊ ဇွန် ၊ ၂၁ မှာ “အစ်ကို ညီပုလေး” ဆိုတဲ့ စာအုပ်လေး ထွက်လာပါတော့မယ်။ အချိန်မတိုင်သေးဘဲ ထွက်ခွာသွားရသူ အစ်ကို့ကို ချစ်ခင်၊ လေးစား၊ တန်ဖိုးထားရသူများအတွက် အလွမ်းပြေပေါ့။ ( တကယ်တော့ ဖတ်ပြီး ပိုလွမ်းမှာပါလေ) သည်စာအုပ်လေးမှာ အမှတ်တရ ဓာတ်ပုံ တချို့ ပါဝင်ပါတယ်။ ပိုလို့ လွမ်းရမှာပါပဲ။ - ဆရာမြေချစ်သူရဲ့ လွမ်းသူရဲ့ပွဲ ကဗျာလေးကို သတိရနေမိပါတယ်။ လွမ်းသူဟာ.. လူယောက်ျား၊ လူမိန်းမ ကြယ် လ ကဗျာ ကာလသုံးပါး ငှက်များပျံခြင်း နှင်းဆီခင်းရသ ဒေါသတရား စကားမေတ္တာ ခန္ဓာကိုယ် အို..ဘာကိုမှ သတ်သတ်မှတ်မှတ် ရွေးချယ် ပညတ်ခြင်းမရှိဘဲ လွတ်လပ်စွာ လွမ်းသူ ဖြစ်တယ်။ တစ်နှစ်ပြည့်တော့မယ် အစ်ကိုရေ။ အခုချိန်မှာ ပိုလို့လွမ်းပါတယ်။ (ရဲသျှမ်း၏ အမှာစာမှကောက်နုတ်ချက်) - ရသမြောက် ဝတ္ထုတို ဝတ္ထုရှည်တွေ ၊ ခရီးသွားဆောင်းပါးတွေ ရေးသားခဲ့သူ၊ အသက်ဝင်ဓာတ်ပုံတွေကို ဖန်တီးရိုက်ကူးခဲ့သူ စာရေးဆရာညီပုလေး (ငြိမ်းချမ်းစိမ်းလန်း) နဲ့ ထိစပ်ပတ်သက်တဲ့ ကြောင်းခြင်းရာတွေကို လွမ်းမောဖွယ် ဖတ်ရှုရပါမယ်။