Cart

အရေးပါတာကို အရာရောက်အောင်လုပ်ပါ

20000.00 MMK

Author: ကောင်းလွန်း
ID: #1083 Pages: 415

- လွန်ခဲ့တဲ့ ၁၉ နှစ်က ကျွန်တော်တို့ Google ကိုတည်ထောင်ခဲ့ချိန်က ဒီစာအုပ်ရှိခဲ့ရင်ကောင်းမှာဗျာ။ အဲဒီထက် ပိုစောပြီးရှိခဲ့ရင်လည်း ကောင်းမှာပါပဲ။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် စီမံရတဲ့ လုပ်ငန်းစဉ်တွေကို အမုန်းကြီးမုန်းသလောက် ဖြစ်အောင်လုပ်ခဲ့ရတယ်။ အခုတော့ OKRs ရှိလာပြီလေ။ အံ့ဖွယ် အကြံကောင်း ဉာဏ်ကောင်းတွေနဲ့ အတူ ပြီးစီးအောင် ဘယ်လိုအကောင်အထည်ဖော်ရမလဲဆိုတာတွေကိုပါ လုပ်လို့ရသွားပြီ။ - ဂျွန်ဒူးဝါးဟာ ကျွန်တော်တို့ဆီကို ၁၉၉၉ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ရောက်လာခဲ့တယ်။ သူသင်ကြားပို့ချပေးသွားတာက “ရည်ရွယ်ချက်ပန်းတိုင်”တွေရယ် “အဓိကရလဒ်တွေ” (Objectives and Key Results) ဆိုတဲ့ OKRs တွေအကြောင်းပါ။ အဲဒါတွေကို သူ Intel မှာရခဲ့တဲ့အတွေ့အကြုံတွေကိုအခြေခံပြီး ကုမ္ပဏီကို ဘယ်လိုလုပ်ကိုင်လည်ပတ်သင့်ကြောင်း ဟောပြောပို့ချခဲ့တာပါ။ - Intel ဟာ ကောင်းကောင်းမွန်မွန် လည်ပတ်နေတယ်ဆိုတာ ကျွန်တော်တို့သိတယ်လေ။ ဂျွန်ရဲ့ ဟောပြောပွဲက ကျွန်တော်တို့ကို အသိဉာဏ်ပွင့်လင်းပြီး ထိုးထွင်းသိမြင်စေခဲ့တဲ့ အတွက် ကြိုးစားကြမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော်တို့အဖို့ တော်တော်လေး အလုပ်ဖြစ်လောက်ရဲ့လို့ ထင်မိတယ်။ - OKRs ဟာ လုပ်ငန်းအမျိုးမျိုးကိုရှေ့တိုးမောင်းနှင်ဖို့ သိပ်ကိုရိုးရှင်းတဲ့ လုပ်ငန်းစဉ်ပါ။ ကျွန်တော်တို့ဟာ အဲဒါကို နှစ်အလိုက် ပြုပြင်ပြောင်းလဲပြီး သုံးကြတယ်။ ကိုယ်ဖြစ်ချင်တာတွေကို OKRs ပေါ်အခြေခံပြီးတော့မှ လုပ်ငန်းစဉ်တွေကို အသေးစိတ်ပုံစံဖေါ်ပြီး ရှေ့ဆက်ရုံပါပဲ။ - ခေါင်းဆောင်တွေအတွက် OKRs က ကိုယ့်အဖွဲ့အစည်းတစ်ခုလုံး အတွင်းကို ရှင်းလင်း မြင်သာစေတယ်။ သူတို့က အစက ပြန်စဖို့ တွန်းအားပေးတဲ့ အခါမှာလဲထိရောက်တယ်။ ဥပမာ- ခေါင်းဆောင်က တာဝန်ရှိတဲ့ ကိုယ့်အဖွဲ့သားတွေကို မေးခွန်းမေးတဲ့အခါ “သုံးစွဲသူတွေက YouTube ပေါ်မှာ ဗီဒီယိုဖိုင်တစ်ခုကို ဘာဖြစ်လို့ ချက်ချင်းမဖွင့်နိုင်တာလဲ။ အဲဒီ ရလဒ်ဟာ ရှေ့လာမယ့် သုံးလပတ်မှာလုပ်ဖို့စီစဉ်ထားတဲ့ တခြားရည်မှန်းချက်ထက် ပိုပြီး အရေးမကြီးဘူးလား” ဆိုတဲ့မေးခွန်းမျိုးဟာ အတော်ခရီးရောက်ပါတယ်။ (Google ပူးတွဲတည်ထောင်သူ Larry Page ၏ အမှာစာမှ)

အဆင့်နှင့်မှတ်ချက်များ

User reviews