Cart

မြန်မာတို့၏ ပျူကမ္ပည်းစာများ

18000.00 MMK

Author: မောင်မောင်သန်း
ID: #1085 Pages: 362

"ပျူစာဟူ၍ သတ်မှတ်ခေါ်ဆိုထားသော အိန္ဒိယပြည်သုံး ဗြာဟ္မီအက္ခရာပွားဖြင့် ရေးထိုးထားသည့် ပျူကမ္ပည်းစာများကို မြန်မာပြည်တွင်တွေ့ ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သည်။ - ပျူစာများအား ကျောက်ပြားပေါ်ရေးစာ၊ ကျောက်တုံးပေါ်ရေးစာ၊ ရွှေပြားပေါ်ရေးစာ၊ အရိုးအိုးပေါ်ရေးစာ၊ အုပ်ခဲပေါ်မှစာ (ဂဏန်း) အသုံးအဆောင်ပစ္စည်းများပေါ်မှရေးစာ စသည်ဖြင့် တွေ့ရှိရပြီး မှတ်တမ်းပြုစုထားသည့် စာတို စာရှည်ပေါင်း ၁၇၀ ခန့် (လက်ရှိတွေ့ရှိထားမှု) ရှိသည်" - ဒီစာအုပ်မှာ မူရင်းပျူစာ (ဓာတ်ပုံ) ဖော်ပြခြင်း၊ မူရင်းပျူစာမင်ကူးပုံဖော်ပြခြင်း၊ မူရင်းပျူစာအတိုင်း ကူးယူ၍ လက်ရေးမူဖြင့် ဖော်ပြခြင်း၊ ပျူအက္ခရာများအား မြန်မာအက္ခရာဖြင့် ဖလှယ်၍ ဖော်ပြခြင်း၊ ပျူစာတစ်လုံးခြင်း၏အဓိပ္ပာယ်ကို မြန်မာအဓိပ္ပာယ်ပြန်ဖော်ပြခြင်း၊ ပျူစာများနှင့် မြန်မာပြန်များအား အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခြင်း၊ ပျူကမ္ပည်းရေးထိုးမှုပြုထားသည့် အရာဝတ္ထုများအား ဓာတ်ပုံဖြင့် ဖော်ပြခြင်းဆိုတဲ့ ကဏ္ဍ​တွေ ပါဝင်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews