50000.00 MMK
ID: #1102 Pages: 144
- ပန်းချီဆရာဦးမိုးယဉ်သည် မြန်မာခေတ်ပြိုင် ပန်းချီဆရာများထဲတွင် ကိုယ်ပိုင်ဟန် ထူထောင်နိုင်သောပန်းချီဆရာတစ်ဦးဖြစ်သည်ဟုယုံကြည်ပါသည်။ ထို့ကြောင့် ၂ဝ၂၄ ခုနှစ်တွင် အသက် ၇၂ နှစ်ပြည့်ခဲ့ပြီဖြစ်သော ပန်းချီဆရာဦးမိုးယဉ်အတွက် မှတ်တမ်းကျန်ရှိစေရန် ပန်းချီပြပွဲကျင်းပခြင်းနှင့် မိုးယဉ်ပန်းချီစာအုပ်ထုတ်ဝေခြင်းတို့ ပြုလုပ်ရခြင်း ဖြစ်ပါသည်။ - ကျွန်တော်မျိုးဆွေသန်း၊ ကိုအယ်နောင်းနှင့် ကိုမျိုးမြင့်အောင်တို့ စုဆောင်းထားသော ပန်းချီဆရာ ဦးမိုးယဉ်၏ ပန်းချီကားများထဲမှ သုံးဦးစုပေါင်း၍ ပန်းချီကား ၁၁၅ ကားကို တစ်စုတစ်စည်းတည်း ပြပွဲပြုလုပ်ပြီး ထိုပန်းချီကားများကိုပင် တစ်စုတစ်စည်းတည်းပုံနှိပ်၍ ပန်းချီစာအုပ် ပြုလုပ်ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။ - ထိုရည်ရွယ်ချက်မှာ မြန်မာပန်းချီလောကတွင် မိုးယဉ်ဟူသော ပန်းချီဆရာအတွက် မှတ်တမ်းကျန်ရှိစေလိုခြင်း၊ ပန်းချီဆရာဦးမိုးယဉ်၏ ပန်းချီအနုလက်ရာများကို နှစ်သက်မြတ်နိုးသူတို့အတွက် ပန်းချီကားများကိုတစ်စုတစ်စည်းတည်းမြင်တွေ့စေလိုခြင်းနှင့်ကျွန်တော်တို့ သုံးဦးက ဆရာ ဦးမိုးယဉ်၏ ပန်းချီကားများကို စုဆောင်းပိုင်ဆိုင်ခွင့်ရခဲ့သည့်အတွက် ဆရာဦးမိုးယဉ်၏ဂုဏ်ကျေးဇူးကို ကောင်းစွာအသိမှတ်ပြု နားလည်ခံစားမိသောကြောင့် ဤစာအုပ်ကို ထုတ်ဝေခြင်း ဖြစ်ပါသည်။ (ဒီဇိုင်းမျိုးဆွေသန်း) - ပန်းချီပြပွဲနှင့် စာအုပ်ထုတ်ရခြင်းအကြောင်း၊ ကျွန်တော်တို့သိသော ဦးမိုးယဉ်၊ ပန်းချီမိုးယဉ်၏ ကိုယ်ရေးအကျဉ်း၊ နောက်ထပ်မြင်နိုင်ခွင့်တို့ စတင်ရာ၊ မိုးယဉ်၏ပန်းချီကားများ ဆိုတဲ့ ကဏ္ဍတွေနဲ့ ဒီစာအုပ်ကို ဖွဲ့စည်းထားပါတယ်။ - လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ထူးခြားတဲ့လက်ရာတွေနဲ့ ပရိသတ်ကို ဖမ်းစားခဲ့သူ လူရှည်တောင်တန်းမိုးယဥ် (ခေါ် ) ပန်းချီဦးမိုးယဥ်ရဲ့ ရှားပါး အနုပညာလက်ရာတွေကို ကြည့်ရှုခံစားနိုင်ပါမယ်။