6000.00 MMK
Author:
ဒေါက်တာအောင်မြင့်ဦး
ID: #1105
Pages: 108
- "ကျိုက်တလန်းမွန်ကျောက်စာဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ခန့် အေဒီ ၁၁ ရာစုက ပုဂံပြည့်ရှင် ကျန်စစ်သားမင်း ရေးထိုးခဲ့တဲ့ ကျောက်စာတိုင်ဖြစ်ပါတယ်။ ကျန်စစ်သားမင်းဟာ တိုင်းခန်းလှည့်လည်စဉ် မွန်တို့ဌာနေ သုဝဏ္ဏဘူမိ (တောင်စွန်းနဲ့ ဘီးလင်းအကြား) ကေလာသတောင်ခြေ တောင်ကုန်းတစ်ခုမှာရှိတဲ့ စေတီတစ်ဆူ ပြိုပျက်နေတာကို ပြုပြင်မွမ်းမံခဲ့ပါတယ်။ - အဲဒီလို ပြုပြင်ပြီးနောက် သူ့ကောင်းမှုတော်ကို မွန်ဘာသာနဲ့ကျောက်စာရေးထိုး မှတ်တမ်းတင်ခဲ့ပါတယ်။ စေတီအမည်ဟာ မွန်ဘာသာနဲ့ ကျာက်တလင် (ကျိုက်တလန်း)လို့ ခေါ်ပြီး ကျောက်စာတိုင်ကို ဘုရားရင်ပြင်မှာ စိုက်ထူထားခဲ့ပါတယ်။ - အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ အင်္ဂလိပ်တွေဟာ ဒီကျောက်စာတိုင်ကြီးကို တူးနုတ်ယူပြီး ဖောင်နဲ့ဆွဲကာ ပြတိုက်မှာထားဖို့ ရန်ကုန်ကိုယူဆောင်လာခဲ့ပါတယ်။ အဲဒီနောက် ယခုဆေးရုံကြီးနေရာမှာရှိတဲ့ ဖယ်ယာပြတိုက်မှာ ထားရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဗုံးဒဏ် ကျည်ဒဏ်ကြားက ဒီကျောက်စာတိုင်ကြီးကို ဘေးကင်းရာရွှေ့ပြောင်းရင်း ရန်ကုန်တိရစ္ဆာန်ရုံနေရာကိုရောက်၊ အဲဒီကမှတစ်ဆင့် အခုလက်ရှိနေရာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တိုက် အဆောက်အအုံထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ - ဒီကျောက်စာတိုင်ကြီး ရန်ကုန်တက္ကသိုလ်ကို ရောက်လာပုံ၊ ဒီကျောက်စာရဲ့ ရှေးမွန်အရေးအသားနဲ့ အကြောင်းအရာပိုင်းလေ့လာချက်တွေ" ကို ဒီစာအုပ်မှာ ဖတ်ရှုရပါမယ်။