8000.00 MMK
Author:
ရွှေဥဒေါင်း
ID: #1148
Pages: 370
- စုံထောက်မောင်စံရှား၊ ဂျမဒါကိုကိုကြီး၊ ဓားပြကြီးဦးမိုးသီး၊ သူတော်စိန်၊ ဒေါက်တာသောင်းထိုက်၊ ဒဂုံတင့်၊ ဇော်ဟိတ် အမည်ရှိသူတို့ဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ ပင်တိုင်ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ - စုံထောက်မောင်စံရှားမှာ ဆာအာသာကွန်နင်ဒွိုင်းရဲ့ ရှားလော့ဟုမ်းဖြစ်ပြီး၊ ဂျမဒါကိုကိုကြီးဇာတ်လမ်းတွေမှာလည်း ဆာအာသာကိုနင်ဒွိုင်းရဲ့ Brigadier Gerard ဝတ္ထုတွေဖြစ်ပါတယ်။ - ဇော်ဟိတ်ဝတ္ထုတွေကို စစ်မဖြစ်မီက ကြီးပွားရေးမဂ္ဂဇင်းမှာ စတင်ရေးသားခဲ့ပြီး၊ စစ်ပြီးခေတ်မှာတော့ ရှုမဝမဂ္ဂဇင်းနဲ့ သွေးသောက်မဂ္ဂဇင်းတွေမှာ ရေးသားခဲ့ပါတယ်။ ဇော်ဟိတ်ဝတ္ထုအများစုကတော့ Sapper အမည်ခံ အင်္ဂလိပ်စာရေးဆရာကြီး H.C Mc Neile ရဲ့ဝတ္ထုတွေကိုမှီးပြီး ရေးသားခဲ့တာဖြစ်တယ်။ - ဒေါက်တာသောင်းထိုက်ဝတ္ထုတွေက R.Austin Freeman ရဲ့ Dr Thorndyke ဝတ္ထုတွေဖြစ်ပြီး ဒဂုံတင့်ဝတ္ထုတွေကတော့ အင်္ဂလိပ်စာရေးဆရာ E.W Hronung ရဲ့ A.J Raffles. ကိုမှီးပြီး ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ - ဓားပြကြီးဦးမိုးသီးဝတ္ထုတွေကို ၁၉၃၀ ပြည့်နှစ်က ဒဂုန်မဂ္ဂဇင်းမှာ ရေးသားခဲ့ပြီး သူတော်စိန်ဝတ္ထုတွေကို အင်္ဂလိပ်စာရေးဆရာကြီး Leslie Carterris ရဲ့ The Saints ဝတ္ထုတွေကို မှီးပြီး ရေးသားခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုထားပါတယ်။