Cart

အိပ်မပျော်ဘူးလား

6000.00 MMK

Author: ဒေါက်တာလှကြည်
ID: #1153 Pages: 153

"အိပ်​ရေးမဝသူ​တွေမှာ ကိုယ်ခံစွမ်းအားကျဆင်းတဲ့အတွက် ကူးစက်​ရောဂါ​တွေ အလွယ်တကူဖြစ်နိုင်ပါတယ်။ စိတ်တိုပြီး ​ပေါင်းသင်းဆက်ဆံ​ရေးကို ထိခိုက်​စေပါတယ်။ ခန္ဓာကိုယ်အ​နေအထား၊ ကိုယ်လက်လှုပ်ရှားမှု၊ ပိုင်းခြား​ဝေဖန်မှု​တွေပျက်ယွင်းပြီး မ​တော်တဆ ထိခိုက်မှုအန္တရာယ်​တွေ ကြုံ​တွေ့နိုင်ပါတယ်။ လုပ်ရည်ကိုင်ရည်ကျဆင်းတာ၊ လုပ်ငန်းခွင်ပျက်ကွက်မှု များလာတာ​တွေ​ကြောင့် အလုပ်ကို ထိခိုက်နိုင်ပါတယ်။ ကာလရှည်စွာ အိပ်​ရေးမဝတာဟာ သက်တမ်းကို တို​စေတဲ့ထိ အန္တရာယ်​ပေးနိုင်ပါတယ်" - လူတစ်ယောက်ဟာ သူ့သက်တမ်းရဲ့ပျမ်းမျှ သုံးပုံတစ်ပုံလောက်ကို အိပ်ချိန်အဖြစ် အသုံးပြုနေကြတာမှန်ပေမယ့် လူအများစုဟာ အိပ်စက်ခြင်းရဲ့ သဘောသဘာဝကို သေသေချာချာနားမလည်နိုင်ကြသေးပါဘူး။ ညမှာအိပ်စက်တာဟာ နေ့ခင်းက အလှုပ်ရှားသွားလာလုပ်ကိုင်ခဲ့တာတွေကြောင့် ပင်ပန်းနွမ်းနယ်ထားတာတွေ ပြေပျောက်အောင် အနားယူတာလို့သာ အများကသဘောပေါက်ထားကြပါတယ်။ - တကယ်တော့ အိပ်စက်နေချိန်မှာလည်း ခန္ဓာကိုယ်ကြီးဟာ အပြည့်အဝအနားယူနေတာမဟုတ်ပါဘူး။ တစ်ညတာ အိပ်စက်နေချိန်အတွင်းမှာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ အကြိမ် ၂၀ ကနေ ၄၀ ​လောက် လှုပ်ရှားမိတတ်တယ်လို့ဆိုပါတယ်။ ဦးနှောက်ဟာလည်း အလုပ်လုပ်နေတာပါပဲ။ အိပ်စက်မှုဆိုင်ရာ ပညာရှင်တွေရဲ့အလိုအရ အိပ်စက်ကြတာဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်အားကိုပိုပြီး ထက်မြက်စေဖို့ဖြစ်တယ်လို့ဆိုပါတယ်။ - အိပ်စက်နေချိန်အတွင်းမှာ ဦးနှောက်ဟာ မှတ်သားထားတာတွေနဲ့ စိတ်ခံစားမှုဆိုင်ရာအတွေ့အကြုံတွေကို အစီအစဉ်တစ်ကျဖြစ်အောင်လုပ်နေပါတယ်။ ဦးနှောက်ရဲ့ Cortex လို့ခေါ်တဲ့ အဖြူရောင်အပိုင်းကတော့ အိပ်ချိန်မှာ အနားယူပြီး အားမွေးပါတယ်။ တစ်ညလောက် အိပ်ရေးမဝတာနဲ့ လူတစ်ယောက်ဟာ စိတ်တိုတာ၊ စိတ်ဖိစီးမှုကို မခံနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ စကားပြောရာမှာ အဆင်မပြေတာတွေ၊ ရိုးရိုးအပေါင်းအနုတ် ပုစ္ဆာကလေးကိုတောင် တွက်လို့မရတမျိုးတွေ၊ တစ်ခုခုမေ့နေတာကိုပြန်ပြီး စဉ်းစားလို့မရတာမျိုးတွေဖြစ်တတ်ပါတယ်။ - ဒီစာအုပ်လေးက အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ရှောင်ရှားသင့်၊ ဆောင်ထားသင့်တဲ့ အလေ့အကျင့်ကောင်း​တွေ တစ်နည်းဆိုရရင် မူရင်းစာရေးသူ Wendy Green ရဲ့ သုတေသနကျကျ အိပ်စက်ခြင်းဆိုင်ရာ နည်းလမ်းကောင်း​တွေကို ဘာသာပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews