5000.00 MMK
Author:
ဆက်ကျော်လင်း (မြန်မာစာ)
ID: #1155
Pages: 105
"စာပေအဏ္ဏဝါဟူ၍ သူတင်စားသုံးနှုန်းသော၊ အလွန်ကျယ်ဝန်းလှသော စာပေလောကထဲက ခေတ်အဆက်ဆက်စွဲမက်နှစ်သက်ခဲ့ကြသော ရသစာတမ်းကောင်းများကို ရွေးချယ်၍ 'အတွေးအလှကွက်' 'အရေးအလှကွက်' များကို စိတ်ဝင်စားဖွယ် ဖော်ထုတ်ပြထားရာ ဤစာစုသည် အတွေးလည်းထက်မြက်၊ အရေးလည်း ထက်မြက်သော ရသစာတမ်းရေးဆရာများ တိုးပွားလာရေးအတွက် သိမ်မွေ့စွာ တွန်းအားပေးလိုက်သော အားထုတ်မှုတစ်ခုဖြစ်ပါသည်" - မောင်ခင်မင် (ဓနုဖြူ) - ရသစာတမ်းရဲ့သဘောသဘာဝ၊ ရသစာတမ်းနဲ့ အခြားအရေးအဖွဲ့တွေရဲ့ ကွာခြားမှု၊ ရသစာတမ်းအမျိုးအစား အစရှိတဲ့ ကြောင်းခြင်းရာတွေအပါအဝင် . . . - ပုဂံမြို့ဟောင်းနှင့် ကျွန်တော် (ဇော်ဂျီ)၊ ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော် (ဇော်ဂျီ)၊ ကောက်ရိုးနွယ် (ဇေယျ)၊ ကုသိုလ်ဆက် (နွယ်စိုး)၊ အိုးစည်သံ (မင်းသုဝဏ်)၊ လူလည်းတထွေ ရေလည်းတခြား၊ မျိုယချစ်စိတ် အစ (မောင်ထင်)၊ ဗိုလ်ချုပ်ဘာကို တိုက်ခဲ့သနည်း (မောင်ထင်)၊ ချိုတကူးနှင့် ဂုဏ်ရည်မတူ (အောင်သင်း) အမည်ရ ရသစာတမ်းတွေကို လေ့လာသုံးသပ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။