12000.00 MMK
Author:
Dr. Moe
ID: #1156
Pages: 160
ဘဝမှာ မွေးလာကတည်းက ဘယ်သူမှ ဘာမှ မတတ်ကြဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို အချိန်ယူပြီး သေချာလေ့လာရင် မကြာခင် ကျွမ်းကျင်သူအဆင့်ရောက်လာလိမ့်မယ်။ လုပ်နိုင်သူတွေကို အားကျနေပြီး မိမိကိုယ်ကို အသုံးမကျသူလို့ မမြင်ဘဲ ကိုယ်ကြိုးစားရင် ဖြစ်နိုင်တယ်လို့ မှတ်ယူထားပါ။ မိမိဘဝအတွက်အကောင်းဆုံး The Best Version of You ကို ဖန်တီးနိုင်မယ့်သူက မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်" - ယခုစာအုပ်တွင် Self-improvement နှင့် Happy Mind ၊ Happy Life ဟူသည့် တိုးတက်အောင်မြင်ရေးနှင့် စိတ်ခွန်အားဖြည့်စာစုများကို ဖတ်ရှုရပါမည်။ - ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မြင်အောင် မည်သို့တည်ဆောက်မည်နည်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် မည်သို့လေ့ကျင့်ပျိုးထောင်မည်နည်း စသည့်အချက်များအပြင် ပြည်ပတွင် အလုပ်လုပ်မည့်သူတို့ လေ့လာမှတ်သားသင့်သည်များ၊ နေ့စဉ် အကြည်ဓာတ်ရရှိစေမည့် ဘဝနေထိုင်မှုပုံစံများ စသည်တို့နှင့်ပတ်သက်ပြီး မျှဝေထားခြင်းဖြစ်သည်။