Cart

ယမကာလုလင်

9500.00 MMK

Author: မင်းလူ
ID: #1163 Pages: 183

"တချို့နေရာတွေမှာ ဝတ္ထုတစ်ပုဒ်လို ဇာတ်ကွက်တွေပါသည်။ တချို့အပိုင်းတွေကျတော့ အတ္ထုပ္ပတ္တိ ဆန်ကောင်း ဆန်မည်။ တစ်ခါတလေ ဆောင်းပါးတစ်ပုဒ်လို ဖွင့်ဆိုရှင်းပြထားတာတွေ ပါမည်။ အက်ဆေးကဲ့သို့ စိတ်ကူးစိတ်သန်းတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ တင်ပြထားတာလည်း ရှိနိုင်သည်" - ကွယ်လွန်သူစာရေးဆရာကြီးတစ်ယောက် ပြောခဲ့သောစကားတစ်ခွန်းကို သတိရမိ၏။ "အရက်ကြိုက်တတ်တဲ့လူတွေကို 'အရက်သမား' လို့ခေါ်တာ ရင့်သီးလွန်းပါတယ်။ နားဝင်ချိုအောင် 'ယမကာလုလင်' လို့ ခေါ်သင့်ပါတယ်" တဲ့။ - ထို့ကြောင့် နားဝင်ချိုအောင် ကျွန်တော့်စာအုပ်ကို 'ယမကာလုလင်' ဟု အမည်ပေးလိုက်ရပါသည်။ (ဆရာမင်းလူ၏ အမှာစာမှ - ) - ဒီစာအုပ်က အရက်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ အရက်အကြောင်းတွေကို အဓိကထားပြီး ရေးသားထားတဲ့စာအုပ် မဟုတ်ပါဘူး။ အရက်သောက်သူတွေရဲ့အကြောင်းကိုသာ ဆရာမင်းလူက ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ယမကာသမားတွေရဲ့ ဓလေ့စရိုက်သဘာဝအကြောင်းကို ရေးသားထားခြင်းသာ ဖြစ်ကြောင်း ရေးဖွဲ့သူက ဆိုထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews