Cart

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ် (Self-Esteem)

15000.00 MMK

Author: ထက်ထက်ထွန်း
ID: #1175 Pages: 330

"Self-Esteem ဆိုတာ အတွင်းလောက Inner Life အဆင့်အတန်းမြင့်တာကို ပြောတာပါ။ စိတ်ထားနဲ့ အသိဉာဏ်မြင့်လေ အတွင်းလောက Inner Life ကို တန်ဖိုးထားလေလည်း ဖြစ်ပါတယ်။ Self-Esteem ဟာ အတွင်းလောက စိတ်ချမ်းသာမှုလို့လည်း ဆိုနိုင်ပါတယ်" - ဒီစာအုပ်ကိုရေးသားသူ စာရေးသူက - တကယ်တော့ Self-Esteem ဟာ တစ်ကိုယ်တော် လျှောက်လှမ်းရတဲ့ ခရီး (Individual Journey) ပါ။ - တပြိုင်တည်းမှာပဲ ဒါဟာ တစ်ယောက်တည်းလုပ်လို့ ပြီးတဲ့အလုပ်တော့ မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို ကောင်းစွာထိန်းကျောင်းထားရှိခြင်းဖြင့်သာရရှိမယ့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့စိတ်ဟာ သူတစ်ပါးမပါရှိဘဲ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ - သက်ရှိလောကသာမက သက်မဲ့ဖြစ်တဲ့ ရေ၊ မြေ၊ တော၊ တောင် သဘာဝတရားကြီးကို ချစ်မြတ်နိုးတတ်တဲ့စိတ် မရှိပါဘဲလည်းရဖို့ မဖြစ်နိုင်ပါဘူး။ ‘တစ်လောကလုံးနဲ့ ကိုယ်နဲ့ ဆက်စပ်နေတယ်’ ဆိုတဲ့ မြင့်မြတ်တဲ့အသိတရားကြောင့်သာ လူဟာ လူအဆင့်ရောက်လာရတာ ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews