15000.00 MMK
Author:
ဒေါက်တာသာထွန်းဦး
ID: #1181
Pages: 377
ပင်လယ်လှိုင်းလုံးများသည် အရှိန်အဟုန်ပြင်းစွာဖြင့် ကျောက်ဆောင်များကို ရိုက်ပုတ်နေပါသည်။ တစ်ခါတစ်ရံ လျှပ်စီးလက်နေသည်မှာ ထိတ်လန့်စရာကောင်းသကဲ့သို့ လေပြင်းတိုက်ခိုက်သည်မှာ ပြင်းထန်လျက်ရှိပြီး မိုးကြိုးတစ်ချက်တစ်ချက်ပစ်သည်မှာ သောသောညံလျက်ရှိနေပါသည်။ ထိုအချိန်တွင် ကျောက်ဆောင်ကြားရှိ နံရံအက်ကြောင်းကြားတွင် ငှက်ငယ်လေး အပူအပင်မရှိ မိမိခေါင်းအား တောင်ပံကြားတွင် ညှပ်ထားလျက် နှစ်နှစ် ခြိုက်ခြိုက် အိပ်နေပါသည်။ ဤသည်မှာ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်းပင်ဖြစ်ပြီး မုန်တိုင်းကြားတွင် အိပ်ပျော်နေခြင်းဖြစ်ပါသည်။ အလားတူ ကျွန်တော်တို့သည်လည်း ဘဝ၏ အခက် အခဲကာလများ၊ စိတ်ရှုပ်ထွေးစရာအချိန်များတွင် သခင်ယေရှုအားဖြင့် ငြိမ်သက်ခြင်း ရနိုင်ပါသည်။ မည်မျှပင် ဘဝမုန်တိုင်းပြင်းထန်စေကာမူ စိတ်နှလုံးသားတွင် ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်းရှိပါသည်။ အဆုံးတွင် ကျွန်တော်တို့ ငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ရှိပြီ ဖြစ်ပါသည်။