15000.00 MMK
Author:
အော်ပီကျယ်
ID: #1198
Pages: 280
- "၁၉၈၀ မှ ၂၀၀၁ ခုနှစ်အတွင်း စာနယ်ဇင်းတွေမှာ ရေးခဲ့တဲ့ ကာတွန်းတွေကို ပေါင်းစုပြီး ပေါင်းချုပ် ၄ အုပ် ထုတ်ခဲ့တာ နှစ် ၂၀ ကျော်ပြီ။ ပြန်ထုတ်ဖို့ ပြောကြပေမယ့် စိတ်ကြိုက်ဖြစ်ချင်လို့ အချိန်ကြာသွားတယ်။ - ကိုယ်ကြိုက်တာတွေကို အဓိက ရွေးချယ်တယ်။ ပေါင်းချုပ်မှာ ကျန်ရစ်ခဲ့တဲ့ ကာတွန်းတွေကို ဖြည့်တယ်။ သိပ်အားမရတာတချို့ကို မှတ်တမ်းအဖြစ် သိမ်းချင်လို့ အရွယ်ချုံ့ထည့်တယ်။ လုံးဝချန်ခဲ့တာတွေလည်း ရှိတယ်။ - ဆင်ဆာမိခဲ့တဲ့ ကာတွန်းအချို့ကို တင်ပြပုံပြောင်းရေးရင် လွတ်လာတတ်တယ်။ ပေါင်းချုပ်ထဲကျမှ လွတ်လာတာရှိသလို၊ မဂ္ဂဇင်းမှာလွတ်ပြီးသားအချို့ ဆင်ဆာပြန်ထိသွားတယ်။ ဆင်ဆာမိပြီး မိတ္တူမကူးဖြစ်ခဲ့တဲ့ ကာတွန်းတွေ လက်ထဲ မကျန်ခဲ့ဘူး။ အချို့ကို ဘာရေးခဲ့မှန်း မမှတ်မိဘူး။ ဖြတ်သိမ်းထားတာတွေလည်း အိမ်အပြောင်းအရွေ့များခဲ့လို့ မစုံတော့ဘူး။ လူးလွန့်ရှင်သန်ခဲ့တဲ့ လွမ်းမောစရာ စာနယ်ဇင်းတွေရဲ့အမည်နဲ့ ဖော်ပြခဲ့တဲ့ ခုနှစ်တွေကို မှတ်မိသလောက် တန်ဖိုးထားပြီး ဖော်ပြပါတယ်" (အမှာမှ . . .) - ၁၉၈၀ ကနေ ၂၀၀၁ အတွင်း ရေးဆွဲခဲ့တဲ့ကာတွန်းတွေထဲက ရွေးထုတ်စုစည်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အတွေးထက် အရေးသွက်တဲ့ ဆရာအော်ပီကျယ်ရဲ့ လက်ရာကို ဖတ်ရှု တွေးဆနိုင်ပါမယ်။