16000.00 MMK
Author:
မောင်မြင့်ကြွယ်
ID: #1227
Pages: 348
- လန်ဒန် လေဆိပ်သို့ အချက်ပြသင်္ကေတ ဝင်လာသည်။ ထရန်စ် အမေရိကန်လေကြောင်းခရီးစဉ် အမှတ် ၉၀၁ သည် လေယာဉ်ပြန်ပေးဆွဲ ခံနေရပြီ ဖြစ်ကြောင်း ဖော်ပြသော အချက်ပြသင်္ကေတ အမှတ်အသား ၇၅,၀၀၀ သည် စူးစူးရှရှ မြည်သံပေးရင်း ရေဒါ မျက်နှာပြင်ပေါ်၌ ပေါ်လာသည်။ "ဟယ်လို ထရန့်စ် အမ် ၉၀၁၊ လန်ဒန်ရေဒါက ပြောနေပါတယ်၊ ခင်ဗျားရဲ့အသံလွှင့်ချက်ကို ရေဒါပေါ်မှာ တွေ့နေရတယ်၊တကယ်ပဲလား ဆိုတာ သိချင်တယ်၊ အိုဗာ" - ချက်ချင်းဆိုသလိုပင် ပေ ၃၅,၀၀၀ မြင့်သော နေရာမှ အသံတသံက တုံ့ပြန်လိုက်သည်။ "မှန်ပါတယ်၊ ကျုပ်တို့လေယာဉ် ပြန်ပေးဆွဲခံနေရပြီ" - လေယာဉ်ပေါ်တွင် လိုက်ပါလာသော အထင်ကရ ပုဂ္ဂိုလ်ကြီးကို ပြန်ပေးဆွဲရန် စိတ်ကူးကို လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ အရှေ့စူးစူး ကီလိုမီတာ လေးဆယ် အကွာရှိ ဇာလာမြို့ မူရစ်စတန်လမ်းတွင် အီရဗာလူမျိုး အကြမ်းဖက်ဂိုဏ်း အစည်းအဝေးမှ စတင်ခဲ့ခြင်း ဖြစ်သည်။ - သူတို့၏ အကြံအစည် အောင်မြင်ဖို့ရာ အတွက် ဘာမဆို လုပ်မည့် လူများ၏လက်မှ ဓားစာခံများ လွတ်မြောက်ဖို့ နည်းလမ်း ရှိကော ရှိပါရဲ့လား။ - အစစအရာရာ အသေးစိတ် တွက်ချက် ပြင်ဆင်ထားသူများ၏ လက်မှ လွတ်မြောက်ဖို့ အခွင့်အရေး မရှိသလောက် ဖြစ်သော်လည်း ... - စာအုပ် အစမှ အဆုံး အသည်းတယားယား၊ ရင်တထိတ်ထိတ် ဖတ်ရှုရမည်။ (ဘဝတက္ကသိုလ်)