15000.00 MMK
Author:
လမင်းသောင်းထွန်း
ID: #1259
Pages: 523
"လူတွေ စိတ်ဝင်စားမှု မြင့်တက်လာတဲ့ AI အကြောင်းနဲ့ နောင်လာမယ့်လူသားတွေရဲ့ အနာဂတ်အပေါ် ရှုမြင်သုံးသပ်ထားတဲ့ စာအုပ်တစ်အုပ်" - အေအိုင်နဲ့အတူ ကျွန်တော်တို့ဟာ စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်၊ နှစ်ပေါင်းများစွာ သဘောမပေါက်ဘူးဖြစ်နေတဲ့ ရောဂါတွေကို ကုသနိုင်လာပါလိမ့်မယ်။ စိတ်ကူးအတွေးတွေရဲ့ ဘောင်ကို ချဲ့ထွင်ပြီး အနုပညာနဲ့ ယဉ်ကျေးမှု ပုံစံအသစ်တွေကို ဖန်တီးလာနိုင် ပါလိမ့်မယ်။ - အေအိုင်နဲ့အတူ ကျွန်တော်တို့ဟာ ရောဂါတွေကို တိုက်ဖျက်၊ စိုက်ပျိုးရေးကို ပြုပြင်တိုးတက်စေပြီး ပိုမိုကျန်းမာတဲ့၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။ - ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ ဒီနည်းပညာတွေရဲ့ အန္တရာယ် ဖြစ်နိုင်ခြေ အလားအလာတွေဟာ ဆတူလောက်ပဲ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။ ဇီဝနည်းပညာနဲ့အတူ ကျွန်တော်တို့ဟာ ဘဝရဲ့ အခြေခံအုတ်မြစ်တွေကို ကြိုးကိုင်ခြယ်လှယ်လာနိုင်ပြီးတော့ တစ်ဦး တစ်ယောက်ချင်းစီ အတွက်ရော ဂေဟစနစ်ကြီးတစ်ခုလုံးအတွက်ပါ ရည်ရွယ်မထားတဲ့ အကျိုးဆက်တွေကို ဖြစ်စေနိုင်ပါလိမ့်မယ်။ - ကျွန်တော်တို့ အဲဒီအချိုးအကွေ့မှ ရပ်နေတာနဲ့အတူ ရွေးချယ်မှု တစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ အတုမရှိတဲ့ ဖြစ်နိုင်ခြေတွေရဲ့ အနာဂတ်နဲ့ စိတ်ကူးလို့တောင်မရတဲ့ ကပ်ဘေးတွေရဲ့အနာဂတ်ကြားက ရွေးချယ်မှုပါ။ လူသားတွေရဲ့ ကံကြမ္မာဟာ ချိန်ခွင်လျှာပေါ်ကို ရောက်နေပါပြီ။ - ဒါပေမဲ့ ဒီ မရေရာတဲ့ကာလမှာ သေချာတာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ အဆင့်မြင့်နည်းပညာခေတ်ဟာ ကျွန်တော်တို့ပေါ်မှာ မူတည်နေပြီးတော့ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေရမယ်ဆိုတာပါပဲ။