17000.00 MMK
Author:
မိုင်မိုင်း (နမ့်စန်)
ID: #1263
Pages: 283
"အခုရောက်နေတဲ့ အချိန်ကနေ ဘဝရဲ့ ကုန်ခဲ့တဲ့အချိန်တွေကို နောက်ပြန်လှည့်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကြွေနေဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကြွေအောင်ကြိုးစားပါ။ ကိုယ့် Crush က ကိုယ်ပဲ ဖြစ်ပါစေ" - လူတွေ သင့်ကို ကြိုက်လာဖို့လည်း မကြိုးစားပါနဲ့။ လူတွေ သင့်ကို လေးစားဖို့လည်း မကြိုးစားပါနဲ့။ - လူတွေ သင့်ကို ချစ်လာဖို့လည်း မကြိုးစားပါနဲ့။ လူတွေသင့်ကို အထင်ကြီးလာဖို့လည်း မကြိုးစားပါနဲ့။ - လူတွေ သင့်ကို ကြွေလာဖို့လည်း မကြိုးစားပါနဲ့။ မနက်မိုးလင်းလို့ သင်နိုးထတဲ့အခါ သင့်ကိုယ်သင် လေးစားနေဖို့ ကြိုးစားပါ။ - နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ သင့်ကိုယ်သင် ချစ်နိုင်ဖို့ ကြိုးစားပါ။ မှန်ထဲကြည့်တဲ့အခါမှာ သင့်ကိုယ်သင် အထင်ကြီးဖို့ ကြိုးစားပါ။ - ညအိပ်ဖို့ ခေါင်းချတဲ့အခါမှာ သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ။ - သင့်ရဲ့နောက်ဆုံးအချိန်မှာ သင့်ကိုယ်သင် ကြွေနိုင်ဖို့ ကြိုးစားပါ။ - မိုင်မိုင်း (နမ့်စန်)