23000.00 MMK
Author:
ချမ်းမြေ့ဝင်း
ID: #1279
Pages: 498
- မူရင်းစာအုပ်မှာ အမေရိကန်စာရေးဆရာမ Gillian Flynn ၏ Dark Places ဖြစ်သည်။ - ၁၉၈၀ ဝန်းကျင်၊ အမေရိကန်တစ်ဝန်းလုံး နတ်ဆိုး ယုံကြည်၊ ကိုးကွယ်မှု ပြဿနာ ဆက်တိုက်ဖြစ်ပေါ်နေသည့်ကာလကို နောက်ခံပြုရေးဖွဲ့ထားပြီး ဇာတ်အိမ်ကြီးကြီး၊ ဇာတ်လမ်းခိုင်ခိုင်မာမာ၊ လှည့်ကွက်၊ သဲလွန်စ များစွာတို့ဖြင့် ဖတ်ရှုရမည့် စုံထောက်ဇာတ်လမ်းတစ်ပုဒ်ဟု ဆိုရပါမည်။ - အမှောင်၏ အဓိကဇာတ်ကောင်မှာ လစ်ဘီဒေးဆိုသည့်ကောင်မလေးဖြစ်ပြီး သူ ခုနစ်နှစ်သမီးအရွယ်တွင် သူ့အမေနှင့် အစ်မနှစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရသည်။ - သတ်သူက သူ့အစ်ကိုရင်း။ စေတန်နတ်ဆိုးကို သွေးဖြင့်ယဇ်ပူဇော်ရန်အတွက် သတ်ဖြတ်သည့် လူသတ်မှုဟု လူအများကသတ်မှတ်ကြသည်။ - နတ်ဆိုးကို ယုံကြည်ကိုးကွယ်သည့်ကာလမို့ ထိုသို့ထင်မြင်ယူဆချက်က အမှန်လား၊ ထိုသို့မဟုတ်ပါက တရားခံအစစ်ကမည်သူနည်း စသည့်အကြောင်းအချက်တို့ကို ဇာတ်လမ်းပါ ဇာတ်ကောင်တို့၏ စရိုက်သဘာဝ၊ ရုပ်လုံးကြွမှုများဖြင့် စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမည်။