Cart

ဩဇာတိက္ကမ

16000.00 MMK

Author: TEAM NYĀNA
ID: #1338 Pages: 320

”လူ့စိတ်ပညာရဲ့ ဩဇာလွှမ်းမိုးခြင်းသဘောတရားကို နားလည်ထားသူဟာ ဘဝမှာ အမြဲတမ်း အသာစီးရနေမှာပါ” - နာမည်ကျော်စည်းရုံးရေးနဲ့ လွှမ်းမိုးမှုရေးပညာရှင် Dr. Robert Cialdini ရဲ့ ကမ္ဘာကျော် “Influence: Science and Practice” စာအုပ်ကို မြန်မာပြန်ဆိုထားတာဖြစ်ပါတယ်။ - ဒီစာအုပ်ကို အနှစ် ၄၀ ကျော်က လူပေါင်းများစွာ ဖတ်ရှုခဲ့ကြပြီး ကမ္ဘာတစ်ဝန်းမှာ အုပ်ရေပေါင်း ခုနစ်သန်းကျော် ရောင်းခဲ့တယ်။ Business Week စာရင်းမှာ အကောင်းဆုံး စီးပွားရေး စာအုပ် ၇၅ အုပ်ထဲမှာ ပါဝင်ခဲ့တယ်။ - ဒီစာအုပ်မှာ - ၁။ အပြန်အလှန်မူဝါဒ (Reciprocity) “သူက ကိုယ့်ကို ကောင်းတာလုပ်ပေးတယ်၊ ကိုယ်လည်း ပြန်လုပ်ပေးရမယ်” ဆိုတဲ့ သဘောထား ၂။ တသမတ်တည်းမူဝါဒ (Consistency) “ကိုယ်ပြောထားတာနဲ့ ကိုက်ညီအောင် လုပ်ရမယ်” ဆိုတဲ့ စိတ်ထား ၃။ လူမှုအသိအမှတ်ပြုမူဝါဒ (Social Proof) “လူအများက လုပ်နေတယ်ဆိုရင် ကောင်းမှာပေါ့” ဆိုတဲ့ စဉ်းစားမှု ၄။ နှစ်သက်မှုမူဝါဒ (Liking) “ကိုယ်ကြိုက်တဲ့သူ ပြောတာဆို နားထောင်မယ်” ဆိုတဲ့ သဘောထား ၅။ အခွင့်အာဏာမူဝါဒ (Authority) “ကျွမ်းကျင်သူ၊ အာဏာပိုင် ပြောတာဆို မှန်မှာပေါ့” ဆိုတဲ့ ယုံကြည်ချက် ၆။ ရှားပါးမှုမူဝါဒ (Scarcity) “ရှားတယ်ဆိုရင် တန်ဖိုးရှိမယ်၊ မရတာဆို ပိုလိုချင်တယ်” ဆိုတဲ့ စိတ်ထား ဆိုပြီး အဓိကသြဇာပညာ ၆ ရပ် ပါဝင်ပါတယ်။ - နေ့စဉ် ”သြဇာခံယူခြင်းနဲ့ သြဇာပေးခြင်း” ဆိုတဲ့ နှစ်မျိုးလုံးကို မသိမသာ လုပ်ကိုလုပ်နေရတဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews