10000.00 MMK
Author:
ဇော်ညွန့်
ID: #1352
Pages: 147
"စက်ဉာဏ် ဆိုတဲ့ အေအိုင်ဟာ ၂၁ ရာစု လူနေမှုဘဝမှာ နေ့စဉ် မပါမဖြစ်တဲ့ နည်းပညာတခု ဖြစ်လာနေပြီ။ ဟင်းချက်တဲ့အခါ ဆားမပါရင် မပြီးသလို ဘယ်နည်းပညာ နယ်ပယ်မဆို အေအိုင်မပါရင် မပြီးတော့တဲ့ အခြေအနေကို ဆိုက်ရောက်နေပြီ" _ဇော်ညွန့် - ဒီစာအုပ်မှာ အပိုင်းသုံးပိုင်းပါဝင်ပြီး အပိုင်း ၁ မှာ အေအိုင်မိတ်ဆက်၊ အေအိုင်သမိုင်း၊ အေအိုင် အဆင့်ငါးဆင့်၊ အေအိုင်ရဲ့ ကောင်းကျိုးဆိုးကျိုး၊ အလုပ်အကိုင် ဈေးကွက်အပေါ် သက်ရောက်မှု စသဖြင့် ပါပါတယ်။ - အပိုင်း ၂ မှာတော့ အေအိုင်ချက်ဘော့ အမျိုးမျိုး၊ အခြေခံအသုံးပြုနည်း၊ ChatGPT, Gemini, Copilot, Adobe FireFly, Deep seek, DALL-E နဲ့ အခြား အေအိုင်တွေအကြောင်း ဖွင့်ဆို ရှင်းပြထားပါတယ်။ - အပိုင်း ၃ မှာတော့ အေအိုင်ကျွမ်းကျင်ဖို့ ဘာလိုသလဲ၊ အေအိုင်ကျွမ်းကျင်ရင် ဘာဖြစ်မလဲ၊ ဂျန်အေအိုင် အသုံးချမှု ဥပမာများ၊ ပရွန့် ဆိုတာ ဘာလဲ၊ စမ်းသပ်ရန် ပရွန့် နမူနာများ၊ ပရွန့် ရေးနည်း၊ ပရွန့် အမျိုးအစားများ၊ ပရွန့် ဂျင်နရေတာ၊ ပရွန့် တမ်းပလိတ် စသည်တို့ အပြင် အန္တရာယ် သံချောင်းခေါက်သံများ၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်း စတဲ့ အချက်တွေကိုပါ ဆွေးနွေးထားပါတယ်။ - အေအိုင် ဘာလဲ သိလိုသူတွေနဲ့ အေအိုင် ဘယ်လို သုံးမလဲ သိလိုသူတွေ ဖတ်မှတ် လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။