7000.00 MMK
Author:
ခမ်း
ID: #1359
Pages: 100
- လူ့ဘောင်ဝန်းကျင်မှာ ကျင်လည်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ်။ အကြင်နာတတ်ဆုံးသော သတ္တဝါကလည်း လူဖြစ်သလို အရက်စက်ဆုံးသော သတ္တဝါကလည်း လူပါပဲ။ ဘဝရဲ့နေ့စဥ်ဖြတ်သန်းမှုတွေမှာ ကိုယ်ကဘယ်လိုလူမျိုးနဲ့ တွေ့ဆုံနိုင်မလဲ ဘယ်လိုလောကဓံဒုက္ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြိုမသိရပါဘူး။ ကိုယ့်အပေါ်ကြင်နာတတ်တဲ့လူ၊ ဖေးမပေးတဲ့လူတွေနဲ့အမြဲမတွေ့ဆုံနိုင်ပါဘူး။ - ဘဝကအမြဲချောမွေ့နေမှာမဟုတ်သလို ကိုယ့်အနားမှာ ကိုယ့်ကိုချစ်တဲ့သူက အမြဲရှိနေနိုင်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ်။ ကိုယ်ကအနေမှန်ပါလျက်နဲ့ ကိုယ့်အပေါ်အမြဲချောက်တွန်းတာ၊ ကိုယ်အပေါ်အမြဲရန်လိုပြုမှုနေတာ၊ နိုင်ထက်စီးနင်းပြောဆိုတာတွေနဲ့ ကြုံတဲ့အခါ ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာ၊ကိုယ့်ရဲ့အမှန်တရားတွေအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ်။ - ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်မှလည်း ကိုယ်ချစ်ခင်ရတဲ့သူတွေအပေါ်ကွယ်ကွယ်ပေးနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ်မှ မကာကွယ်နိုင်ရင် ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကာကွယ်ပေးဖို့မဖြစ်နိုင်ပါဘူး ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့သတ္တိ ရှိထားဖို့လိုပါတယ်။