Cart

စီးပွားရေးစစ်တလင်း

22000.00 MMK

Author: စောဒေးဗစ်
ID: #1368 Pages: 352

"ကမ္ဘာကျော်အဖွဲ့အစည်းကြီးတွေရဲ့ အပြင်းထန်ဆုံးပြိုင်ဆိုင်မှုအကြောင်းကို သွက်လက်မြူးကြွစွာ ဖတ်ရှုရမယ့် စာအုပ်" _အက်ဒမ်ဂရန့် "သင့်ရန်သူအကြောင်း သင်သိပြီး၊ သင့်အကြောင်းကိုလည်း သင်သိတယ်ဆိုရင် တိုက်ပွဲတစ်ရာရဲ့ ရလဒ်အတွက် သင် စိတ်ပူပန်နေဖို့ မလိုပါဘူး" _ဆွန်ဇူး - ဘယ်ခေတ် ဘယ်ကာလ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် စီးပွားရေးနယ်ပယ်၊ စီးပွားရေးရပ်ဝန်းဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်တတ်တဲ့သဘော ရှိပါတယ်။ မိမိရဲ့ဈေးကွက်၊ မိမိရဲ့ပြိုင်ဘက် အစရှိတဲ့အရာတွေက မိမိကို အမြဲတမ်း စိန်ခေါ်နေတတ်ပါတယ်။ - မိမိရဲ့ စီးပွားရေးလုပ်ငန်း ခေါင်းထောင်နိုင်ဖို့ ဘယ်လို အားထုတ်ရမယ်၊ မိမိရဲ့ပြိုင်ဘက်ကို ဘယ်လို အလဲထိုးရမယ် ဆိုတာတွေက နေ့စဉ်နဲ့အမျှ ဖိအားပေးနေတတ်ပါတယ်။ ဒါတွေကို ဘယ်လိုကျော်လွှားဖြတ်သန်းရမလဲဆိုတာကို သိရှိနားလည်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ - ဒီနေရာမှာ တွေးခေါ်ပညာရှင်လည်းဖြစ်တဲ့၊ စစ်ရေးဗျူဟာ ကျွမ်းကျင် နှံ့စပ်သူလည်း ဖြစ်တဲ့၊ ရှေးခေတ် တရုတ်စစ်သူကြီးတစ်ဦးလည်း ဖြစ်တဲ့ ဆွန်ဇူးရဲ့ The Art of War အမည်ရ ကျမ်းစာအုပ်က အဓိကနေရာကို ရောက်လာပါပြီ။ ဒီစာအုပ်ကို ကိုးကားရေးသားထားတဲ့ The Art of Business War စာအုပ်က ဆွန်ဇူးရဲ့ စစ်ရေးဗျူဟာ၊ စစ်ရေးပညာတွေကို ထုတ်နုတ် ပြီး မိမိရဲ့စီးပွားရေးကဏ္ဍတွေမှာ အကျိုးရှိရှိအသုံးချနိုင်ဖို့ နည်းပေးလမ်းညွှန်မှု ပြုပေးထားပါတယ်။ - ကြမ်းတမ်းခက်ထန်တဲ့ စစ်တလင်းတွေမှာ မိမိရဲ့ ရန်သူကိုနှိပ်ကွပ်ဖို့ အသုံးပြုတဲ့ စစ်ရေးဗျူဟာတွေကို သိမ်မွေ့နက်နဲတဲ့ စီးပွားရေးစစ်တလင်းထဲမှာ ဘယ်လို ချိန်ထိုး အသုံးချနိုင်မလဲဆိုတာကို အသေးစိတ်ပြောပြထားတဲ့ စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews