11000.00 MMK
Author:
ဉာဏ်သာထင်လင်း
ID: #1371
Pages: 206
"သင်ချစ်တဲ့သူတွေက သင့်ကို စွန့်ခွာသွားမှာကို အမြဲစိုးရိမ်နေပါသလား၊ တစ်ယောက်ယောက်နဲ့ ဆက်ဆံရေးတည်ဆောက်တိုင်း သူတို့ သင့်ကို ထားခဲ့ပြီး ထွက်သွားတော့မယ်လို့ စိတ်ထဲမှာ အမြဲခံစားနေရပါသလား ..." "တစ်ဖက်လူက ဖုန်းမကိုင်တာနဲ့ ''ငါ့ကို စိတ်ကုန်သွားပြီထင်တယ်''၊ အသံနည်းနည်း မာသွားတာနဲ့ ''ငါ့ကို စွန့်ခွာသွားတော့မယ်ထင်တယ်''၊ ''အလုပ်များနေတယ် ပြောတာနဲ့ ''ဆင်ခြေပေးနေတာ၊ တကယ်က ငါ့ကို မချစ်တော့ဘူးထင်တယ်'' စသည်ဖြင့်.... - ဒီလို ခံစားချက်တွေကြောင့် သင့်ကို တစ်ချိန်ချိန်မှာ စွန့်ခွာသွားမှာစိုးလို့ သင်ကိုယ်တိုင်က အရင်ဆုံး အဆက်ဖြတ်လိုက်တာမျိုး၊ သူများအပေါ် အမှီအခိုလွန်ကဲတာမျိုး၊ ချစ်တာကို ကတိတွေအထပ်ထပ် တောင်းခံနေတာမျိုး ဖြစ်နေပါသလား။ - ဒီစာအုပ်က သင့်အတွက်ပါပဲ။ သိပ်ကို လက်တွေ့ကျလှတဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ၊ ကောင်းမွန်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ဘယ်လိုတည်ဆောက်မလဲ တစ်ဆင့်ချင်း လမ်းပြပေးသွားမှာပါ။ - သင့်ကိုယ်သင် ပိုနားလည်လာမယ်၊ ဒဏ်ရာအနာတရတွေကို ကုစားနိုင်မယ်၊ ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်။ ထားခဲ့ခဲ့ရမှာ ကြောက်နေတဲ့ စိတ်ဒဏ်ရာတွေကနေ စစ်မှန်တဲ့ လွတ်မြောက်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။