Cart

အတွေးများဖြင့် ရှင်သန်ခြင်း

7000.00 MMK

Author: မောင်ဘုန်းမြင့် (သဘာဝ)
ID: #1375 Pages: 126

"အားနည်းသူကို ဖေးမဖို့ လူကောင်းတွေဟာအမြဲတွေးပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး လူလိမ်တွေဟာ အားနည်းချင်ယောင် ဆောင်တော့တာပါပဲ" _ညီထွဋ် “အောင်မြင်မှုဆိုတာ ရရှိခြင်း၊ ရောက်ရှိခြင်း” ပဲ ဖြစ်တယ်။ ဘယ်လိုမျိုးရရှိခြင်း၊ ရောက်ရှိခြင်းမျိုးလဲ ထပ်မေးစရာ ရှိလာ ပြန်ပါတယ်။ ကိုယ်လိုချင်ရချင်တဲ့ အရာကိုရရှိခြင်း၊ ကိုယ်ရည်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိခြင်း ဖြစ်တယ်။ ကြွယ်ဝ ချမ်းသာတာကို တန်ဖိုးထားတဲ့ သူက သူလိုချင် သလောက် ကြွယ်ဝချမ်းသာသွားပြီဆိုရင် အောင်မြင်ပြီလို့ ပြောရမယ်။ အဲဒီလိုပဲ အေးအေးချမ်းချမ်း နေထိုင်ရတာကို တန်ဖိုးထားတဲ့ သူက အေးအေးချမ်းချမ်းလေးနဲ့ နေထိုင်နေရပြီဆိုရင်လဲ အောင်မြင် ပြီလို့ ပြောရမှာ ဖြစ်တယ်။ အဲဒါကြောင့် ကိုယ်တန်ဖိုးထားတဲ့ အရာကို သိအောင်လုပ်ပါ။ ပြီးမှ အောင်မြင်အောင် လုပ်ပါ။ _မောင်ဘုန်းမြင့် (သဘာဝ) - လူငယ်စာရေးဆရာနှစ်ယောက်ရဲ့ စူးရှတဲ့၊ လတ်ဆတ်တဲ့ အတွေးဒဿန‌လေးတွေကို ဖတ်ရှုရပါမယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews