18000.00 MMK
Author:
တင်ညွန့်
ID: #1394
Pages: 231
- Sexuality Education ဆိုသည်မှာ ကလေးများနှင့် လူငယ်များကို လိင်ဆက်ဆံရန် သင်ကြားပေးမည့် ပညာရေး မဟုတ်ကြောင်း သိထားစေချင်ပါသည်။ - နိုင်ငံတကာတွင် Sexuality Education ကို သင်ကြားရခြင်း၏ အဓိကအကြောင်းရင်းများကို ပြန်လေ့လာကြည့် လိုက်လျှင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နေကြရသည့်အဖြစ်မှ ကင်းလွတ်ရေး၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ပြဿနာများ ကင်းရှင်းရေး၊ လိင်ဆက်ဆံခြင်းနှင့် လိင်က တစ်ဆင့်ဖြစ်ပွားကူးစက်လာနိုင်သည့် ရောဂါများကို ကာကွယ်တားဆီးနိုင်ရေး၊ လူငယ်များကြားတွင် HIV ဝေဒနာများ ကင်းစင်နိုင်ရေးတို့အတွက်ဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။ - အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း တိုင်းပြည်အတွက် အကျိုးပြုနိုင်သည့် လူငယ်အင်အားထုကို Sexuality Education အတွက် အသိပညာ ပေးနိုင်မှ တိုင်းပြည်အနာဂတ်လှမည်ကို ကောင်းစွာသိသော နိုင်ငံတိုင်း၊ အစိုးရတိုင်းက ထိုပညာရပ်များကို ကျောင်းများကတစ်ဆင့် ဖြန့်ဖြူးပေးနိုင်ရန် ကြိုးစားကြသည်။ - ဤစာအုပ်သည် ကောင်းမွန်စနစ်ကျသည့် Sexuality Education ဆိုသည်မှာ နိုင်ငံတကာက သတ်မှတ် ထားသော လူ့ အခွင့်အရေး စံများနှင့်ကိုက်ညီစေရန် သင်ကြားပေးရမည့် ပညာရပ်တစ်ခုလည်း ဖြစ်ရန် လိုကြောင်း နိုင်ငံတကာသင်ကြားမှု အတွေ့အကြုံများကို အခြေခံပြီး ပြုစုထားသည့် စာအုပ်ဖြစ်ပါသည်။ - ကမ္ဘာ့အမြင်ဖြင့်ကြည့်ရန်လိုသည့် အပိုင်းတွေကို ကျွန်တော်တို့ဖောက်ထွက်ကြည့်ရန်၊ ဖောက်ထွက်တွေး တတ်ရန်လိုလာသည်။ Sexuality Education ဆိုသည်မှာ အလွန်သိမ်မွေ့သော သင်ကြားရေးစနစ်တစ်ခုဖြစ်ပြီး ကလေးတွေကို မည်သို့ပညာပေးသင့်ကြောင်းနှင့် မဖြစ်သင့် မဖြစ်ထိုက်သည်တို့ကို မိဘ၊ ဆရာပူးပေါင်းကာ မည်သို့ ပညာပေး၍ရကြောင်း အကြံပြုထားသည့် စာအုပ်ဖြစ်ပါသည်။ (ကောက်နုတ်ချက်)