13000.00 MMK
Author:
Min Hla (SPM)
ID: #1396
Pages: 210
"Psychologist များထံမှ လေ့လာသိမှတ်ဖွယ် အကြောင်းအရာများ" - "ဘာသာပြန်စာအုပ်မဟုတ်ပါဘူး။ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အသီးသီးမှာ ဦးဆောင်နေကြတဲ့ World Class နာမည်ကြီး ထိပ်သီးစိတ်ပညာရှင်တွေမျှဝေခဲ့ကြတဲ့ Podcast တွေထဲက သူတို့ရဲ့နောက်ခံဘဝ အတွေ့အကြုံတွေ၊ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အသံတွေကို စာရေးသူက နားထောင်ပြီး အရေးကြီးတဲ့အချက်တွေကို ထုတ်နုတ်၊ ပြန်လည်မျှဝေရေးသားထားတာဖြစ်ပါတယ်။ - ဒီပညာရှင်တွေဟာလည်း လူသားတွေပဲမို့ ဘဝမှာ ဆိုးရွားတဲ့ခံစားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာတွေ၊ ခက်ခဲတဲ့အတွေ့အကြုံတွေအများကြီးရှိခဲ့ကြတာပါပဲ။ - ခေါင်းစဉ်တစ်ခုချင်းစီတိုင်းဟာ လူသားတိုင်း လျှောက်လှမ်းနေကြတဲ့ Emotional Healing Journey စိတ်ရဲ့ကုစားခြင်းခရီးစဉ်မှာ . . . - ကိုယ်တိုင် ဘာတွေတွေးနေမိသလဲ။ ဘယ်လိုတွေခံစား နာကျင်နေခဲ့လဲ။ဘယ်လိုနည်းနဲ့ပြန်ထလာနိုင်ခဲ့သလဲ။ နောက်ဆုံးမှာတော့ ဘယ်လိုကုစားသက်သာလာခဲ့သလဲဆိုတဲ့အကြောင်းတွေကို Unlocked ဆိုတဲ့အတိုင်း သော့ဖွင့်ပေးလိုက်သလိုပါပဲ။ - စိတ်ပညာနယ်ပယ်ထဲက လေ့လာလိုက်စားသူတစ်ဦးပဲဖြစ်ဖြစ်၊ စိတ်ပညာရပ်တွေကို မိမိရဲ့ အလုပ်နဲ့တွဲဖက်ပြီး အသုံးချနေရတဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စိတ်နဲ့ အတွေးတွေကို ပိုပြီး သိနားလည်လိုသူပဲဖြစ်ဖြစ်၊ နိုင်ငံတကာဗဟုသုတတွေကိုရှာမှီးလိုသူပဲဖြစ်ဖြစ် . . . - မင်းလှ (SPM) ရဲ့ Unlocked (Psychologist များထံမှ လေ့လာသိမှတ်ဖွယ်အကြောင်းအရာများ) စာအုပ်ဟာ အားထားစရာ အရင်းအမြစ်တစ်ခုဖြစ်ပါကြောင်းကို ညွှန်းဆိုပေးလိုက်ပါတယ်" _(မွန်ဟော်စီ၏ မိတ်ဆက်အမှာစာမှ ကောက်နုတ်ချက်)