7000.00 MMK
Author:
ဝင်းငြိမ်း
ID: #1397
Pages: 115
- စာအုပ်အကြောင်းပြောရရင် ဒီစာအုပ်က ထူးတယ်။ ထူးတယ်ဆိုတာ ကမ္ဘာပေါ်မှာ ဒီလို စာအုပ်မျိုး နှစ်အုပ် မရှိလောက်ဘူး။ စာအုပ်နာမည်က ဘဝပြီး ဘဝ။ မူရင်းစာရေးသူက Ph.D ဒေါက်တာဘွဲ့ရ ပညာရှင်တစ်ဦး။ - သူက လူတွေကို သုတေသနလုပ်တယ်။ ဘယ်လိုလူတွေလည်းဆိုတော့ သေသွားပြီလို့ ဆေးပညာသဘောအရ သတ်မှတ်ခံရပြီးမှ ပြန်ရှင်လာသူတွေကိုပေါ့။ မြန်မာလိုဆိုရင်တော့ မျောနေတယ်ဆိုရင် ပိုမှန်မလားဘဲ။ - အဲဒီလို လူတွေအများကြီးကို လူတွေ့မေးမြန်းတယ်။ သူတို့သေခါနီး (မျောခါနီး) ဘာတွေတွေ့သလဲ ဘယ်လိုကြုံရသလဲ၊ သေသွားတဲ့အချိန် (မျောနေချိန်) ဘာတွေတွေ့သလဲ ဘယ်လို ကြုံသလဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက တော်တော်များများရဲ့ အတွေ့အကြုံတွေက တူနေပြန်တယ်။ - ဒီစာအုပ်ရဲ့ အမှာစာမှာ မူရင်းရေးသူက သေချာ ထည့်ရေးထားပါတယ်။ ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ အဓိပ္ပာယ်မရှိလိုက်တဲ့ဟာတွေဆိုပြီး စာအုပ်ကို လွှင့်ပစ်ချင် လွှတ်ပစ်နိုင်တယ်တဲ့။ မယုံနိုင်စရာတွေပဲလို့ အပြစ်တင်ချင်ရင် တင်ကြလိမ့်မယ်တဲ့။ အဲဒီအတွက် သူစိတ်မကောင်းမဖြစ်ပါဘူးတဲ့။ ဘာလို့လည်းဆိုတော့ သူလည်း အဲဒါတွေကို မယုံလို့ သုတေသနလုပ်ထားတာပါပဲ။