7000.00 MMK
Author:
LIONEL SN
ID: #1405
Pages: 120
"လူတစ်ယောက်ကို တားဆီးနိုင်တာ နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက သူကိုယ်တိုင်ဖြစ်ပြီး၊ နောက်တစ်ခုက ချစ်ခြင်းမေတ္တာပဲ။ ကိုယ့်အပေါ် ချစ်စိတ်မှ မရှိရင် ဘယ်တစ်ဦး တစ်ယောက်ကိုမှ ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး ။ ချစ်စိတ်သာ ရှိရင်လည်း ထိန်းချုပ် ချည်နှောင်နေစရာမလို သူကိုယ်တိုင် စောင့်ထိန်းလိမ့်မယ်၊ ပြင်ဆင်လိမ့်မယ်၊ ဆင်ခြင်လိမ့်မယ်။ ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုပဲ" "သစ္စာစောင့်သိနိုင်ခြင်းဟာ အထင်ကြီးစရာဖြစ်ပြီး စည်းစောင့်နိုင်ခြင်းဟာ သာ၍ လေးစားဖွယ်ရာ ကောင်းပါတယ်" "အဘွားကပြောဖူးတယ်။ တစ်ယောက်ယောက်အတွက် ရည်ရွယ်ထားရင် အခြားတစ်ယောက်ကို ပေးမပစ်ရဘူးတဲ့။ ချစ်ခြင်းမေတ္တာဖြစ်ဖြစ် ပစ္စည်းဥစ္စာဖြစ်ဖြစ်" - ဒီလို နူးညံ့တဲ့ အတွေးစာသားလေးတွေ ဖတ်ရှုချင်တဲ့ သူတွေအတွက် "နားတစ်ဖက်လည်း ကျွန်တော် ဓားတစ်လက်လည်း ကျွန်တော်" စာအုပ်လေးကို ညွှန်းဆိုချင်ပါတယ်။