12000.00 MMK
Author:
မြူရိပ်
ID: #1407
Pages: 198
"တကယ်လို့ ခင်ဗျားအနေနဲ့ ဒီနှစ်အတွက် စာဖတ်ချင်တယ်၊ ဖတ်ဖို့ကလည်း စာအုပ်တစ်အုပ်လောက်ပဲ ဖတ်နိုင်မယ်ဆိုရင်၊ အဲဒီစာအုပ်ဟာ ဒေါက်တာဖရန်ကယ်ရဲ့ စာအုပ်ပဲ ဖြစ်သင့်ပါတယ်" _လော့စ်အိန်ဂျယ်လိစ် တိုင်းမ်စ် - ၂၀ ရာစုရဲ့ အကောင်းဆုံးစာပေလက်ရာမွန်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ Man's Search for Meaning ကမ္ဘာကျော်စာအုပ်ကို မြန်မာဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။ - နာဇီတို့ရဲ့လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ထွက်ပေါ်ခဲ့တဲ့ ဂန္ထဝင်စာပေလက်ရာတွေအနက် 'လူ့ဘဝအဓိပ္ပာယ်အားဖွေရှာခြင်း' (Man's Search for Meaning) စာအုပ်ဟာ အော့ရှ်၀စ်ချ်နဲ့ အခြားသော နာဇီအကျဥ်းစခန်းများအတွင်း နောက်ဆုံးအချိန်ထိ အသက်ရှင်ကျန်ရစ်ရန် ကြိုးပမ်းခဲ့သည့် (မူရင်းစာအုပ်ရေးသူ) ဗစ်ခ်တာဖရန်ကယ်ရဲ့ ဘ၀ဇာတ်လမ်းဖြစ်ပါတယ်။ - Man's Search for Meaning စာအုပ်မှာ စာရေးသူ Viktor Frankl ဟာ ဒုတိယကမ္ဘာစစ်ကာလမှာ နာဇီအကျဉ်းစခန်း (Concentration Camp) တွေထဲမှာ အကျဉ်းကျခံရသူတစ်ဦးအဖြစ် ကိုယ်ပိုင်အတွေ့အကြုံတွေကို မျှဝေထားပါတယ်။ - အကျဉ်းခံရင်း ချုပ်ချယ်ခံရသူတွေအကြား ဘယ်သူတွေ အသက်ရှင်မလွတ်ဘဲ ပျက်ဆီးသွားကြသလဲ၊ ဘယ်သူတွေဟာ အဆိုးဝါးဆုံး ဘ၀အခက်အခဲကြားက တိုက်ခိုက်ရှင်သန်နိုင်ခဲ့ကြသလဲ ဆိုတာကို စူးစမ်းထားပါတယ်။ - စာအုပ်ထဲမှာ Frankl တီထွင်ခဲ့တဲ့ Logotherapy ဆိုတဲ့ စိတ်ပညာပုံစံကိုလည်း ရှင်းပြထားပြီး ဘဝအခက်အခဲတွေကြားထဲမှာ အဓိပ္ပာယ်ကိုဘယ်လိုရှာဖွေရမလဲ ဆိုတာကိုလည်း သင်ခန်းစာပေးထားပါတယ်။