Cart

အာဂယောက်ျား

12000.00 MMK

Author: သုခကျော်
ID: #1412 Pages: 184

"ယောက်ျားတစ်ယောက်ရဲ့အနက်ရှိုင်းဆုံးသောဆန္ဒ၊ စစ်မှန်တဲ့ စွမ်းအား၊ ရင့်ကျက်တဲ့ အချစ်နဲ့ ယုံကြည်ချက်တွေအကြောင်း" - ယနေ့ခေတ်လူမှုပတ်ဝန်းကျင်မှာ အမျိုးသား၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေ ပြောင်းလဲလာကြတဲ့အခါ အမျိုးသမီးတွေဟာ ဦးဆောင်သူနေရာ ရောက်လာကြပါတယ်။ ယောက်ျားတွေဟာလည်း မိသားစုကို တစ်ဦးတည်း ထောက်ပံ့ပေးရသူ မဟုတ်တော့တဲ့အတွက် လောကမှာရော အချစ်ရေးမှာပါ သူတို့ရဲ့တန်ဖိုးကို ပြန်လည်ရှာဖွေနေကြရပါတယ်။ - ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့ လုပ်ဆောင်မှု၊ ငွေကြေး၊ ဒါမှမဟုတ် လူမှုရေးအဆင့်အတန်းတွေနဲ့ မတိုင်းတာတော့တဲ့အခါ သူ့ရဲ့တန်ဖိုးကို ဘယ်လိုဆုံးဖြတ်မလဲ။ - ဒီကမ္ဘာသစ်မှာ ယောက်ျားတစ်ယောက်ရဲ့အသိအမြင်နက်ရှိုင်းမှုဟာ သူ့ရဲ့အဖိုးတန်ဆုံးအရင်းအမြစ် ဖြစ်လာပါတယ်။ ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့အသိအမြင်နက်ရှိုင်းမှုနဲ့ တိုင်းတာနိုင်ပါတယ်။ အမြင်တိမ်ပြီး စိတ်ရှုပ်လွယ်တဲ့ ယောက်ျားထက် နက်ရှိုင်းတည်ငြိမ်တဲ့ ယောက်ျားတစ်ယောက်က သူ့ပတ်ဝန်းကျင်နဲ့ အမျိုးသမီးအတွက် ပိုတန်ဖိုးရှိပါတယ်။ - မရေမရာကြည့်နေတဲ့ မျက်လုံးတွေထက် တည်ငြိမ်ခိုင်မာတဲ့ အကြည့်က ပိုယုံကြည်စိတ်ချရပါတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ အသက်ရှူသံတွေထက် ပြည့်ပြည့်ဝဝနဲ့ တည်ငြိမ်တဲ့ အသက်ရှူသံကို လူတွေက ပိုပြီး ယုံကြည်ကြပါတယ်။ ဘဝရဲ့ နက်နဲမှုတွေကို ခံစားတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နက်ရှိုင်းမှုက အတွင်းစိတ်ကနေ ပေါက်ဖွားလာပါတယ်။ - အာဂယောက်ျားတစ်ဦးရဲ့ လမ်းစဉ်ဟာ နက်ရှိုင်းတဲ့အကြည့်၊ တည်ငြိမ်တဲ့ အသက်ရှူခြင်းနဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်တွေရဲ့ လမ်းစဉ်ပါ။ ဒီအရာတွေကို ဟန်ဆောင်လို့မရပါဘူး။ ငွေနဲ့ အောင်မြင်မှုကို အားကိုးနေတဲ့ ယောက်ျားဟာ အမြဲတမ်းအားနည်းသလို ခံစားနေရနိုင်ပေမယ့်၊ သူ့ကိုယ်သူ အသိတရားရှိပြီး သတိရှိတဲ့ယောက်ျားတစ်ယောက်ကတော့ ကြီးမားတဲ့စွမ်းအင်နဲ့ သဟဇာတဖြစ်စွာ ရပ်တည်နိုင်ပါလိမ့်မယ်။ အာဂယောက်ျားတစ်ဦးရဲ့လမ်းစဉ်ဟာ သင့်ကို သင့်ရဲ့ စွမ်းအားအစစ်အမှန်ကို နားလည်သဘောပေါက်စေဖို့ ကူညီပေးပါလိမ့်မယ်။ - အမျိုးသမီးများအနေနဲ့လည်း ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် သူတို့ရဲ့ ဘဝလက်တွဲဖော်၊ ဖခင်၊ သား၊ ညီအစ်ကိုတွေရဲ့ အတွင်းစိတ်ကို ပိုမိုနားလည်နိုင်မှာပါ။ (ကောက်နုတ်ချက်)

အဆင့်နှင့်မှတ်ချက်များ

User reviews