15000.00 MMK
Author:
မြတ်သစ်
ID: #1416
Pages: 205
"စာပေနိုဗဲဆုရ ကမ္ဘာကျော် စာရေးဆရာကြီး ဆမ်မြူရယ်ဘက်ကက်၏ အထင်ကရ ဖန်တီးမှု လက်ရာမွန်တခု" - လူနှစ်ယောက်၊ သစ်ပင်တပင်၊ အရှင်သခင်တပါး၊ ကျေးကျွန်တဦးနဲ့ ဘယ်တော့မှ ရောက်လာမှာ မဟုတ်တဲ့ ဂေါ့ဒိုးဆိုသူ ပုဂ္ဂိုလ်တယောက် - ပြီးတော့ ဦးထုပ်တလုံးနဲ့ ဖိနပ်တရံရဲ့ အဓိပွာယ်ရှိဆုံး သင်္ကေတပြုမှုတိုဖြင့် ပေါင်းစပ် ဖော်ပြထားတဲ့ မျှော်လင့်ချက်နောက်ကွယ်က အဓိပ္ပာယ်မဲ့မှုကြီး - လူသားဘဝရဲ့ အနှစ်ကင်းမဲ့ အကာပြဲ့ပြဲ့ ဗလာဟင်းလင်း အချည်းနှီးဖြစ်မှု - အားကိုးတကြီးစောင့်စားခြင်း၏ ဟိုမှာဘက်က မျှော်လင့်ချက်တို့ တစစီ ပြိုအက် ပျက်စီးခြင်း - ဆွဲကြိုးချ၍ ကိစ္စတုံးလိုက်ရမလားနဲ့ ဆက်လက်ပြီး အသက်ရှင်သန်လိုမှုအကြား စိတ်နှစ်ခွ လွန်ဆွဲမှု - ဘဝဝန်ထုပ်ဝန်ပိုးများကို တပင်တပန်း ထမ်းရွက်နေ ရခြင်းနဲ့ ဘဝကို ဘယ်သူက စေစား ချုပ်ကိုင်ထား သလဲဆိုတဲ့အယူအဆအား နိမိတ်ပုံဖော်ပြချက် - တနည်းအားဖြင့်- အသိရခက်ခဲသော လူ့ဘဝဖြစ်တည်မှု၊ ပြောင်းလဲခြင်းနှင့် တည်မြဲခြင်းများအကြားက လူ့ဘဝ၏ မသေချာ မရေရာမှု အထွေထွေကို ဒဿနိကအမြင်၊ ဘာသာရေး သဘောများနှင့် စိတ်ပညာရှုထောင့်များမှတဆင့် စနစ်တကျဖွဲ့စည်း ဖော်ထုတ်သော ဂန္တဝင်မြောက် အနုပညာဖန်တီးမှု အကြီးစားတခုလည်းဖြစ်သော . . . ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း။