Cart

အစားအသောက်ဗေဒ (Gastronomy)

30000.00 MMK

Author: ဇော်ဇော်
ID: #1438 Pages: 592

- Gastronomy (အစားအသောက်ဗေဒ) ဆိုတာကတော့ အစားအသောက်‌ဆိုတာ ဘာလဲ၊ ဘယ်လိုချက်ပြုတ်စီမံကြလဲ၊ အစားအသောက်နဲ့ပတ်သက်တဲ့ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ အရသာ၊ အနံ့အရသာ၊ နည်းပညာ၊ နောက်ခံသမိုင်းနဲ့ အနာဂတ်၊ လူမှုစီးပွား စတဲ့ အစားအသောက်နဲ့ပတ်သက်တာတွေကို လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ - အစားအသောက်ဟာ စားသုံးသူကို အများကြီးသက်ရောက်မှုရှိပါတယ်၊ You are what you eat ဆိုတဲ့စကားလိုပေါ့။ အစားအသောက်ကြောင့်ပဲ စိတ်ပိုင်း‌ဆိုင်ရာတွေးခေါ်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေလည်း တဖြည်းဖြည်းခြားနားလာခဲ့ရတာပါ။ - မိမိတစ်ဦးတည်း နေထိုင်ချက်ပြုတ်စားသောက်ရုံအတွက်တော့ Gastronomy (အစားအသောက်ဗေဒ) ကို သိဖို့ လိုချင်မှလိုပါလိမ့်မယ်။ ဒါပေမဲ့ကိုယ်စားနေတဲ့ အစားအသောက်အကြောင်းနဲ့ အဲဒီအစားအသောက်ရဲ့ ကိုယ့်ဘဝအပေါ်သက်ရောက်မှုကိုသိချင်ရင်တော့ လေ့လာထားတာအကောင်းဆုံးပါ။ - အစားအသောက် ချက်ပြုတ်ထုတ်လုပ်သူ၊ ဖျော်စပ်သူ၊ ဖန်တီးသူ၊ အကဲဖြတ်သူ၊ ဝေဖန်အကြုံပြုသူ၊ ရောင်းဝယ်ဖောက်ကားသူ၊ ဧည့်ခံကျွေးမွေးသူ၊ သင်ကြားသူနဲ့ လေ့လာသူတွေအားလုံးအတွက် Gastronomy ရဲ့ အကြောင်းအရာတော်တော်များများကို ဒီစာအုပ်ထဲမှာ စနစ်တကျပြုစုတင်ပြထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews