Cart

ငွေဘုရင် (ငွေကြေးစီမံခန့်ခွဲခြင်းနှင့် အကြွေးကင်းသော ဘဝနေထိုင်နည်း)

16000.00 MMK

Author: ကြည်မင်းခေါင်
ID: #1440 Pages: 253

- ငွေဘုရင်ဆိုလို့ သူဌေးစာရင်းဝင် နံပါတ် ဘယ်လောက်ချိတ်မှ၊ ကုမ္ပဏီကြီးတွေတောင် စီးပွားရေး လုပ်ငန်းကြီးတွေ လုပ်နေမှ ငွေဘုရင် ဖြစ်မယ်လို့ အကြီးကြီးတွေ မတွေးလိုက်ပါနဲ့နော်။ - ကျွန်တော် ပြောတဲ့ ငွေဘုရင်ဆိုတာ ငွေကြေးအတွက် တောင့်တ ကြောင့်ကြမှု မရှိဘဲ စိတ်အေးချမ်းစွာနေထိုင်နိုင်သူကို ငွေဘုရင်လို့ သတ်မှတ်ချင်တာပါ။ - စီးပွားရေး မဟာဗျူဟာတွေ တတ်စရာမလိုပါဘူး၊ စီးပွားရေးမှာ ဒိတ်ဒိတ်ကြဲလဲ အောင်မြင်နေစရာ မလိုပါဘူး။ ငွေဟာ ဝင်သလောက် ပြန်ထွက်နေရင်လည်း ဘာကောင်ကြီး ဖြစ်နေပါစေ၊ ငွေဘုရင်မဖြစ်နိုင်ပါဘူး။ - ဒါကြောင့် အကြွားတွေကို လျော့ပါ။ အကြွေးတွေနဲ့ ကင်းအောင်နေပါ။ ကြိုးစား ရှာပါ။ ချွေတာ စုဆောင်းပါ။ ငွေကို စုနိုင်သလောက် ရအောင် စုပါ။ ပါးနှပ်စွာ ရင်းနှီးမြှပ်နှံပါ။ ဒါဆို ပုံမှန်လေးသွားရင်း ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ ဇွဲလုံ့လ ဝိရိယနဲ့ လုပ်ကိုင်သွားရင် အခြေံခံ လူတန်းစားတွေလည်း ငွေဘုရင် ဖြစ်နိုင်တယ် ဆိုတာလေးကို မျှဝေတာပါ။ - ကြိုးစားအားထုတ်တိုင်း ကြီးပွားချမ်းသာ အောင်မြင်တာ မဟုတ်နိုင်သလို၊ တကယ့်အဓိပ္ပာယ်ရှိတဲ့ ငွေဘုရင် ဖြစ်ဖို့အတွက် တိတိကျကျ လမ်းမှန်နဲ့ လုပ်နည်းလုပ်ဟန်လိုအပ်ကြောင်းကို စာရေးသူရဲ့ ကိုယ်တွေ့ အတွေ့အကြုံနဲ့ ဗဟုသု အထောက်အထား တွေနဲ့ ရှင်းလင်းထားတဲ့ စာအုပ်ဖြစ်တာကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး ဝင်ငွေနဲ့ ထွက်ငွေ စာရင်းကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်တတ်ဖို့ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews