Cart

ငွေကြေးကစားပွဲ (Master Your Money Game)

25000.00 MMK

Author: ဖူးကျော်ဇင် (Future Wave)
ID: #1466 Pages: 320

- ဘဝဆိုတာ ကစားပွဲတစ်ခုဆိုရင် ငွေကြေးဟာ အဲဒီကစားပွဲရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ 'ငွေကြေးကစားပွဲ' ထဲမှာ မသိစိတ်ကဖြစ်စေ၊ သိစိတ်ကဖြစ်စေ ပါဝင်ဆင်နွှဲနေကြရတာ ဖြစ်ပါတယ်။ - လူအများစုဟာ ဒီကစားပွဲထဲမှာ အရှုံးသမားတွေအဖြစ် ဒါမှမဟုတ် ငွေကြေးရဲ့ကျွန်တွေအဖြစ် ရှင်သန်နေကြရပေမယ့် … သင်ကတော့ အဲဒီလို မဖြစ်သင့်ပါဘူး။ - သင်ကော... ဒီကစားပွဲမှာ အသာစီးကနေ အနိုင်ပိုင်းချင်ပါသလား၊ ငွေကို စိတ်ကြိုက်ခိုင်းစေနိုင်တဲ့ အရှင်သခင်ဖြစ်လာချင်ပါသလား၊ ငွေကြေးနောက်ကို လိုက်မလား၊ ငွေကြေးကိုပဲ ကိုယ့်နောက်လိုက်အောင် စီမံမလား။ - ကစားပွဲရဲ့ နိယာမတွေကို နားလည်ပြီး၊ အကွက်ကျကျ ဗျူဟာခင်းကာ အရှင်သခင် (Master) တစ်ယောက်လို အသာစီးကနေ အနိုင်ပိုင်းချင်တယ်ဆိုရင်တော့ … ဒီစာအုပ်ဟာ သင့်အတွက် လက်နက်ကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ - ဒီစာအုပ်ထဲမှာ... ငွေကြေးကစားပွဲရဲ့ လျှို့ဝှက်ချက်တွေ၊ အရှင်သခင် (Master) တစ်ယောက်လို စဉ်းစားပုံတွေ၊ လက်တွေ့အသုံးချနိုင်မယ့် ငွေကြေးလွတ်မြောက်ရေးဗျူဟာတွေကို ပြည့်ပြည့်စုံစုံ တင်ပြထားပါတယ်။ - ငွေကို ရှာရုံတင်မကဘဲ စနစ်တကျ စီမံတတ်ဖို့ ငွေကြေးပြဿနာတွေကြားကနေ လွတ်မြောက်ဖို့၊ ကိုယ့်ရဲ့ ငွေကြေးကစားပွဲကို ကိုယ်တိုင် အရှင်သခင်အဖြစ် အနိုင်ပိုင်းနိုင်ဖို့ ဒီစာအုပ်ကို ဖတ်သင့်တယ်လို့ ညွှန်းဆိုထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews