Cart

စီးပွားရေးအတိုင်ပင်ခံ လျှို့ဝှက်လက်စွဲ

60000.00 MMK

Author: Dr.Yin Hlaing Min
ID: #1473 Pages: 340

“နည်းလမ်းများစွာနဲ့ ပြည့်နေတဲ့ စီးပွားရေးလောကမှာ အောင်မြင်မှုက ကြိုးစားမှုတစ်ခုတည်းနဲ့ မရပါဘူး။ မှန်ကန်တဲ့နည်းလမ်းကို တိတိကျကျ အသုံးချနိုင်ခြင်းကသာ တန်ဖိုးမြင့်ရလဒ်တွေကို ဖန်တီးပေးခြင်းဖြစ်ပါတယ်” - အတိုင်ပင်ခံတစ်ဦး၏ တန်ဖိုးမှာ လှပသော စကားလုံးများပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ သူပေးအပ်နိုင်သော ရလဒ် (Result) နှင့် ဖောက်သည်၏ လုပ်ငန်းအပေါ်သက်ရောက်မှု (Impact)ပေါ်တွင်သာ မူတည်ပါသည်။ - ယ‌နေ့ခေတ် စီးပွားရေးလောကတွင် သမရိုးကျ မားကတ်တင်း နည်းလမ်းများမှာ ထိရောက်မှု အားနည်းလာပြီဖြစ်ရာ၊ ပြောက်ကျားနည်းဗျူဟာ (Guerrilla Strategy) သည်သာ ပြိုင်ဘက်များကြားမှ ဖောက်ထွက်နိုင်မည့် အစွမ်းထက်ဆုံး လက်နက်ဖြစ်ပါသည်။ - အောင်မြင်သော အတိုင်ပင်ခံတစ်ဦး ဖြစ်ရန်မှာ လုပ်ဆောင်ချက် (Action)၊ ထက်သန်သောဆန္ဒ (Passion) နှင့် တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ဟူသော ရိုးရှင်းသည့် သော့ချက် ၃ ချက်သာ လိုအပ်ပါသည်။ - အတိုင်ပင်ခံလုပ်ငန်းသည် အရောင်းအဝယ်ဆန်ဆန် ရောင်းချခြင်းထက် ဖောက်သည်နှင့် ရေရှည်ခိုင်မာသော "ယုံကြည်မှု" နှင့် "ဆက်ဆံရေး" တည်ဆောက်နိုင်ခြင်းကသာ အစစ်အမှန် အောင်မြင်မှုဆီသို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ - ဤစာအုပ်သည် သီအိုရီသက်သက် မဟုတ်ဘဲ "ဘာလုပ်ရမလဲ" ဆိုသည့် အသိထက် "ဘယ်လိုလက်တွေ့အကောင်အထည်ဖော်ရမလဲ" ဆိုသည့် အဖြေကို ရှာဖွေနေသူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော လမ်းပြမြေပုံ တစ်ခုပင် ဖြစ်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews