Cart

လူရွှန်း - ဘဝအတွေးအခေါ်နှင့် စာပေ

5999.00 MMK

Author: ကျော်သက်ဟန်
ID: #1490 Pages: 116

- လူရွှန်းသည် တရုတ်ပြည်သူတို့၏ ဒီမိုကရေစီတော်လှန်ရေး အသိဉာဏ် ပညာ ပွင့်လင်းမှုနယ်ပယ်၏ ကြီးမြတ်သော အတွေး အခေါ်ပညာရှင်ဖြစ်ပြီး ၂၀ ရာစု၏ ထူးချွန်သော သရုပ်မှန်ဝါဒီအပြင် မျိုးချစ်ပုဂ္ဂိုလ်နှင့် နိုင်ငံတကာဝါဒီလည်းဖြစ်သည်။ - သူ၏အတွေးအခေါ်နှင့် သူရေးသားခဲ့သောစာပေများမှာ တရုတ်ပြည်သူတို့၏ တော်လှန်ရေးလမ်းကြောင်းတစ်ခုတည်းပေါ်တွင် တိကျစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သူ၏ ဂုဏ်ယူစရာအဖြစ် ရပ်တည်ခဲ့သောစာပေအောင်မြင်မှုမှာ လှပတောက်ပြောင်ပြီး တစ်မူထူးခြား၍ ဘယ်အခါမှ ပျောက်ကွယ်သွားမည်မဟုတ်သော အရည်အသွေး ဖြစ်သည်။ - ယင်းစာပေတို့သည် တရုတ်ပြည်သူတို့၏ စံနမူနာများနှင့် မြင့်မြတ်သော ဝိသေသများအား ဖော်ပြနေကြပြီး တရုတ်ယဉ်ကျေးမှု၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ရောက်ရှိခဲ့ကြလေသည်။ - တစ်ချိန်တည်းတွင် ယင်းတို့သည် လေးနက်သော တော်လှန်ရေးအယူအဆများနှင့် အနိုင်မခံအရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဓာတ်ဖြစ်ပြီး တရုတ်ပြည်သူတို့၏ နယ်ချဲ့စနစ်နှင့် ပဒေသရာဇ်မြေရှင်စနစ်တို့ကို ဆန့်ကျင်သော တော်လှန်ရေးတိုက်ပွဲတွင် အစူးရှဆုံး၊ အထိရောက်ဆုံးနှင့် လက်တွေ့အကျဆုံးလည်း အကျိုးပြုခဲ့လေသည်။ - ယခုစာအုပ်တွင် လူရွှန်း၏ ဘဝအတွေးအခေါ်များနှင့် ဝတ္တုတို ၃ ပုဒ်ဖြစ်သော အရူးဒိုင်ယာရီ၊ ကျွန်ုပ်၏ နေအိမ်ဟောင်းနှင့် နှစ်သစ်ကူးယဇ်ပူဇော်ပွဲတို့ကို ဘာသာပြန်ဆိုထားသော စာအုပ်ဖြစ်သည်။

အဆင့်နှင့်မှတ်ချက်များ

User reviews