9000.00 MMK
Author:
ပါပီယွန်
ID: #1504
Pages: 127
- တစ်ဘဝလုံး ကိုယ့်ကိုယ်ကိုယ် ေ - ာက်ထင်မကြီးခဲ့ဖူးတဲ့ကျွန်တော်ဟာ အခု ကိုယ့်ကိုယ်ကိုယ် အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ကောင်ကြီးလို ဘာလိုလိုခံစားနေရပြီ။ - ဘဝမှာ ကိုယ်ချစ်တဲ့မိန်းမရဲ့ အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါး သည်ဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက်နီးနီး စိတ်ကြီးဝင်စရာကောင်းတယ် မဟုတ်လား။ - ကျွန်တော်ဟာ လမ်းပေါ်က အစာငတ်နေတဲ့ ခပ်ပိန်ပိန် ခွေးလေခွေးလွင့်တစ်ကောင်ပဲ။ မာနကလည်း ကြီးသေးတယ်။ ရန်ကလည်း လိုလိုက်သေး။ ခုတော့ အဲ့ဒီခွေးကို အစာကျွေးမိတဲ့ ကောင်မလေးတစ်ယောက် ထိရှနာကျင်နေရပြီတဲ့လေ။ - ကျွန်တော်ဟာ လူတွေတီးတဲ့လက်ခုပ်သံတွေအတွက် ပစ်မှတ်တွေကို စနစ်တကျ လွဲချော်ပစ်ခတ်နေတဲ့ ဆပ်ကပ်အဖွဲ့တစ်ခုထဲက ဓားပေါက်သမားပဲ။ ဂျိုကာမျက်နှာဖုံးတပ်ဆင်ပြီး ဟန်ဆောင်ထားပေမယ့် မျက်နှာဖုံးအောက်ကမျက်နှာဟာ ကျွန်တော့်အတွင်းစိတ်ပေါ့။ ပစ်မှတ်တွေကို လွဲချော်ပစ်ခတ်နေရတဲ့အတွက် ဝမ်းနည်းနေခဲ့တဲ့ကောင် . . . ။