Cart

လွမ်းရစ်‌လေဦးပုဂံမြေ

8000.00 MMK

Author: ကေဇော်မိုး
ID: #1514 Pages:

ဘုရားအိုများက မြက်ရိုင်းများကြားတွင် တိတ်တိတ် ဆိတ်ဆိတ်။ လေအလျင်ထဲ ပျံ့လွင့်လာသည့် ကိုယ့်အသက်ရှူ သံ ကိုယ်ပြန်ကြားနေရသည်။ နံရံဆေးရေးပန်းချီများကား ပျက် ယွင်းနေပြီဖြစ်သော်လည်း အချိန်၏လက်ရာကြောင့် ပိုမိုတင့် တယ်လာသလိုမျိုး။ ကျနော် ဂူဘုရားအတွင်းသို့ ဝင်သွားခဲ့သည်။ ဂူထဲတွင် အေးမြမှောင်မိုက်နေပြီး အပြင်က နေရောင်ခြည်သည် တံခါး ပေါက်မှတစ်ဆင့် မျဉ်းတစ်ကြောင်းကဲ့သို့ ထိုးဝင်နေသည်။ ထို အလင်းတန်းအောက်တွင် ဖုန်မှုန့်လေးများ တဝဲဝဲလွင့်လျက်။ ရုတ်တရက် ကျနော့်စိတ်ထဲတွင် မေညို၏အသံ ပြန်လည်ပဲ့တင် ထပ်လာသည်။ “လူတွေက ဘာလို့ အမှတ်တရတွေကို မဖျက်ပစ်နိုင်တာလဲ သိလား ကိုကို။ တကယ်တော့ အမှတ်တရဆိုတာ ဖြစ်ခဲ့တဲ့အရာ မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်ခဲ့တဲ့ ဘဝပဲ” ထိုစဉ်က ကျနော် နားမလည်ခဲ့ပါ။ ယခုတော့ ဂူအတွင်း အမှောင်ထဲတွင် ရပ်နေရင်း ထက်ထက်သန်သန် နားလည်လာ ခဲ့ပါပြီ။ ကျနော် လွမ်းဆွတ်နေမိသည်မှာ မေညိုတစ်ဦးတည်းကို မဟုတ်။ မေညိုနှင့်အတူ ဖြစ်တည်ခွင့်ရနိုင်ခဲ့မည့် ဘဝတစ်ခု ကိုသာ ဖြစ်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews