Cart

လက်တွေ့အသုံးချ ရှေ့နေပညာ

25000.00 MMK

Author: ဦးမြင့်ဝင်း (ရွှေဘို)
ID: #1516 Pages: 220

"တရားခွင်ဆိုတာ အမှန်တရားတစ်ခုတည်းနဲ့ အနိုင်ရတဲ့နေရာ မဟုတ်ပါဘူး" - ရှေ့နေတစ်ယောက်ရဲ့ လျှို့ဝှက်ချက်၊ တရားခွင်ရဲ့အလွှာပေါင်းစုံနဲ့ ဥပဒေရေးရာနည်းဗျူဟာတွေကို လက်တွေ့ကျကျ လေ့လာလိုသူတွေအတွက် အသုံးဝင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ - ဥပဒေပုဒ်မတွေကို ကျက်မှတ်ရုံနဲ့ မရနိုင်တဲ့ တရားခွင်အတွင်း လက်တွေ့အတွေ့အကြုံတွေနဲ့ သက်သေစစ်ဆေးခြင်း၊ လျှောက်လဲချက်ရေးသားခြင်း စတဲ့ နည်းဗျူဟာတွေကို စနစ်တကျ မီးမောင်းထိုးပြထားပါတယ်။ - ဒီစာအုပ်ထဲမှာ အမှုတစ်ခုကို ဆောက်တည်ခြင်း၊ ခုခံချေပခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ပျိုးထောင်နည်း၊ နှုတ်ရေးပြိုင်ဆိုင်မှုထက် အချက်အလက်နှင့် သက်သေစစ်ဆေးမှု စနစ်တကျပြုလုပ်နည်း၊ လိမ်လည်ထွက်ဆိုချက်များကို ဖော်ထုတ်ရန်နှင့် အမှန်တရားကိုအထောက်အထားဖြင့် သက်သေပြနည်း၊ ခိုင်မာသည့် ဥပဒေအကြောင်းပြချက်များဖြင့် တရားသူကြီးအား ဆွဲဆောင်နိုင်သည့် လျှောက်လဲချက် ရေးသားနည်း အစရှိတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများစွာ ပါဝင်ပါတယ်။ - ဥပဒေကျောင်းသားတွေ၊ အလုပ်သင်ရှေ့နေတွေ၊ တရားလွှတ်တော်ရှေ့နေတွေ မဖြစ်မနေ ဆောင်ထားသင့်ရုံမက ဥပဒေနဲ့ တရားစီရင်ရေးအကြောင်းကို အတွင်းကျကျ သိရှိလိုတဲ့ စာဖတ်သူတိုင်းအတွက် အထူးသင့်လျော်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews